ကွယ်လွန်သွားတဲ့ ချစ်သူကို အိပ်မက်ထဲမှာ ဆက်တိုက် တွေ့ခွင့်ရနေတယ်ဆိုတဲ့ နီလန်း

မြန်မာအိုင်ဒေါ ရဲ့ ပြိုင်ပွဲဝင် နီလန်းလေးကို အားပေးကြတဲ့ ပရိသတ်ကြီးရေ။ နီလန်းလေးက အခုဆိုရင် ပရိသတ်တွေရဲ့ အချစ်၊ အားပေးမှုတွေနဲ့အတူ အနုပညာလမ်းပေါ်ကို လျှောက်လှမ်းနေနိုင်ပါပြီ။

Image may contain: 1 person, standing and outdoor

Image may contain: 1 person, selfie and closeup

ပြိုင်ပွဲဝင်စဉ်ကာလအတွင်းမှာလည်း သူမဘဝရဲ့ အခက်အခဲဆုံးအချိန်တွေကို အားတင်းကျော်ဖြတ်ခဲ့တာ ပရိသတ်ကြီးအသိဆုံးပါပဲနော်။ နီလန်းဟာ သူမဘဝမှာအမြတ်နိုးရဆုံး ချစ်သူတစ်ဦးကို ဆုံးရှုံးခဲ့ရတာပါ။ ယနေ့တိုင်ထိ သတိရလွမ်းဆွတ်နေခဲ့တဲ့ နီလန်းက သူမချစ်သူလေးကို အိပ်မက်ထဲမှာ ဆက်တိုက်တွေ့နေရတယ်လို့ ဆိုပါတယ်။

Image may contain: 2 people, phone

“ခုတလော အိပ်မက်ထဲမှာ ဆက်တိုက်လိုလိုတွေ့နေရတယ်… အရမ်းပျော်တာပေါ့… အိပ်မက်ထဲမှာတော့ သူအသက်ရှင်နေတာလေ… 🥺 အိပ်မက်ကို တကယ်ဖြစ်လာဖို့ ဖမ်းဆုတ်ထားချင်ပေမယ့်… ရမှမရတာ… ပြန်မနိုးချင်လည်း မရပြန်ဘူး…
Nilen လွမ်းသလို သူလည်း လွမ်းမယ်ထင်ပါရဲ့… သူမရှိတော့တဲ့နောက်ပိုင်း မျက်ရည်နဲ့ နိုးထရတဲ့မနက်တွေလည်း မနည်းတော့ဘူး… ဒါပေမယ့်… အိပ်မက်ထဲကနေ တွေ့ခွင့်ရလို့ ပျော်ပါတယ်… အရမ်းလွမ်းတယ်ဆိုတဲ့စကားကို အခါတစ်သန်းပြောချင်တယ်…”

Image may contain: 2 people, phone

ချစ်သူကို ရူးမတတ်လွမ်းနေတုန်းပါပဲလို့ ရင်ဖွင့်လာတဲ့ နီလန်း

နီလန်းရေးသားထားတဲ့ စာလေးကိုဖတ်ပြီး သူမရဲ့ ခံစားချက်ကို ပရိသတ်တွေကလည်း ကိုယ်ချင်းစာ ခံစားပေးနိုင်ကြမယ်ထင်ပါတယ်နော်။ ဘာပဲဖြစ်ဖြစ် စိတ်ဓာတ်မကျဘဲ အကောင်းဆုံးကျော်ဖြတ်နိုင်ခဲ့တဲ့ နီလန်းလေး အနုပညာလောကမှာ အောင်မြင်မှုတွေ ဆွတ်ခူးရနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်။

လူ့လောကကြီးကို စောစီးစွာ နှုတ်ဆက်သွားတဲ့ သူကို တွေ့ချင်တယ်ဆိုတဲ့ နီလန်း |  Pho Thu Taw | PhoThuTaw.com | ဖိုးသူတော်

Image may contain: 1 person, standing and indoor

Cele Star – YS

Don`t copy text!