ကလောက စိုက်ပျိုးမွေးမြူရေးခြံတွေထဲ ကွင်းဆင်းလေ့လာရေး လိုက်လုပ်နေတဲ့ Liam

Last modified date

မေမေယွန်းဝတီလွင်မိုးရဲ့ ချစ်စရာကောင်းတဲ့ သားလေး လီယံပါ။ Image may contain: 1 person, baby, child and outdoor အဘိုး၊အဘွားတွေရဲ့ ထိန်းသိမ်းစောင့်ရှောက်မှုတွေနဲ့အတူ ကြီးပြင်းလာတာ လီယံတစ်ယောက် တစ်နှစ်ကျော်ကြာခဲ့ပါပြီ။ သြစတြေးလျနိုင်ငံမှာ မေမေယွန်းဝတီလွင်မိုးက မွေးဖွားပေးခဲ့ပြီးတော့ မွေးဖွားချိန်မှစတင်ပြီး ယနေ့အထိတိုင်အောင် ချစ်စရာကောင်းတဲ့ လီယံမျက်နှာလေးက ဘိုးဘိုး၊ ဘွားဘွားတို့နဲ့အတူ ပရိသတ်တွေကို အချစ်ပိုစေခဲ့တာပါ။ နှစ်ဖက်မိဘတွေကလည်း တစ်ဦးတည်းသောဖြစ်လာတဲ့ မြေးလေး လီယံကို ပိုးမွေးသလို ဂရုတစိုက်နဲ့ ချစ်ကြပြန်ပါသေးတယ်။ ကထိန်ရာသီဖြစ်တဲ့အလျှောက် စုပေါင်းဘုံကထိန်ကို အဘိုး၊ အဘွားတွေနဲ့အတူ ညောင်ရွှေဘက်မှာ သွားရောက်ပြုလုပ်နေတာလည်း တွေ့ရပါတယ်။ ကလောကိုရောက်ခိုက် စိုက်ပျိုးရေး၊ မွေးမြူရေးတွေနဲ့ တောထဲ လည်ပတ်လေ့လာရေးပြုလုပ်လို့ရတဲ့  ကလောက ဟိုတယ်တစ်ခုမှာ ဘိုးဘိုး၊ ဘွားဘွားတွေနဲ့အတူ ကွင်းဆင်းလေ့လာနေတဲ့ လီယံရဲ့ ကလောခရီးစဉ်ပုံရိပ်ကို ဘိုးဘိုးလွင်မိုးက ချစ်စဖွယ်တင်ထားတာလည်းဖြစ်ပါတယ်။ လီယံရဲ့ အမာခံပရိသတ်ကြီးအတွက် လီယံလှုပ်ရှားမှုလေးတွေကို ဖော်ပြပေးချင်ပါတယ်။ Writer-YLLT(Cele Star)