ဖခင်တစ်ယောက်ရဲ့ မေတ္တာကို ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်တဲ့ လေးဖြူတို့ သားအဖရဲ့ ဓာတ်ပုံလေးတစ်ပုံ

Last modified date

မြန်မာနိုင်ငံရဲ့ ရော့ခ်ကာအဆိုတော်ကြီး လေးဖြူတို့ သားအဖရဲ့ဓာတ်ပုံလေးတစ်ပုံဟာပရိသတ်တွေကို သဘောကျနှစ်ခြိုက်မှုတွေနဲ့အတူ ဖခင်တစ်ဦးရဲ့ သားသမီးအပေါ်ထားရှိတဲ့ မေတ္တာတရားတွေကို ပေါ်လွင်စေခဲ့ပါတယ်။ Iron Cross ရဲ့ ပင်တိုင်အဆိုရှင်တစ်ဦးဖြစ်တဲ့ လေးဖြူရဲ့ သီချင်းတွေဟာ လူငယ်၊ လူကြီးတွေရဲ့ အကြိုက်နဲ့ ထပ်တူကျခဲ့ပြီး ခေတ်တစ်ခေတ်မှာ အောင်မြင်မှုရဲ့ အထွဋ်အထိပ်ထိ ရောက်ရှိခဲ့ပါတယ်။ အဆိုတော်ကြီးတွေလို့ တင်စားရလောက်အောင် ဂီတနယ်ပယ်မှာ ဝါရင့်အဆိုတော်တွေအဖြစ် အသိအမှတ်ပြုထားရတာလည်းဖြစ်ပါတယ်။ Image may contain: 4 people, people smiling, people sitting and closeup Image may contain: 2 people, people smiling, people sitting လေးဖြူဟာ ဇနီးဖြစ်သူ ဒေါ်နွယ်နွယ်သန်းနဲ့ အိမ်ထောင်ကျပြီးနောက်မှာ သမီး ဆောင်းလေးဖြူနဲ့ သား တိမ်လေးဖြူတို့ နှစ်ဦးကို မွေးဖွားခဲ့တာဖြစ်ပါတယ်။ အရွယ်ရောက်နေကြပြီဖြစ်တဲ့ လေးဖြူရဲ့ သမီးနဲ့သား  (၂) ဦးလုံးဟာ အနုပညာလောထဲဝင်ရောက်လာခြင်းမရှိပေမယ့် အနုပညာပိုးတွေတော့ ပါလာကြမှာ ကျိန်းသေပါတယ်။ သမီးဖြစ်သူ ဆောင်းလေးဖြူဟာ မော်ဒယ်တစ်ဦးအဖြစ် ရပ်တည်ချင်တဲ့သူဖြစ်ပေမယ့်လည်း ဖခင်ရဲ့ ခွင့်ပြုချက် မရရှိခဲ့ဘူးလို့ သိရပါတယ်။ Image may contain: 2 people Image may contain: 2 people သို့ပေမယ့် သူမသုံးစွဲနေကျ ဖေ့ဘုတ်အကောင့်မှာ တင်ဆက်ထားတဲ့ ဓာတ်ပုံတွေဟာ ပုံမှန်မြင်နေကျ ဓာတ်ပုံတွေကနေ ကွဲထွက်နေပြီး ရသတစ်ခုခုကို ပေးစွမ်းနိုင်တဲ့ဓာတ်ပုံတွေဖြစ်နေတာကို သတိထားမိကြမှာပါ။ သူမဟာ နိုင်ငံခြားမော်ဒယ်တစ်ဦးလို ခပ်မိုက်မိုက် အပြင်အဆင်တွေနဲ့ ဓာတ်ပုံတွေကို ရိုက်တတ်သူလည်းဖြစ်ပါတယ်။ Image may contain: 1 person Image may contain: 1 person Image may contain: 1 person, closeup တွေ့မြင်ရခဲလှတဲ့ လေးဖြူတို့ သားအဖ (၂) ဦးရဲ့ပုံရိပ်လေးကို ပရိသတ်ကြီးအတွက်ဖော်ပြပေးချင်ပါတယ်။ ဒီပုံလေးကိုတော့ ပရိသတ်တွေက သဘောကျနေကြတာဖြစ်ပြီး ဖခင်တစ်ယောက်ရဲ့ မေတ္တာကို တွေ့မြင်နိုင်တာကြောင့်လည်းဖြစ်ပါတယ်။ သူမအပေါ်မှာ ထားရှိတဲ့ဖခင်ရဲ့ မေတ္တာတွေကြောင့် အဖေဖြစ်သူကို ချစ်မြတ်နိုးတဲ့အကြောင်းလေးကိုလည်း သူမက ဒီဓာတ်ပုံလေးနဲ့အတူ ရေးသားထားပါသေးတယ်။ Image may contain: 2 people, people smiling, people standing and indoor Image may contain: 1 person, closeup Image may contain: 1 person, selfie and closeup ပရိသတ်ကြီးကရော ဒီအောက်ကဓာတ်ပုံလေးကိုကြည့်ပြီး ဖခင်တစ်ယောက်ရဲ့ မေတ္တာတွေကို ဘယ်လိုခံစားရလဲဆိုတာ မျှဝေပြောပြခဲ့ပေးပါဦးနော်။ Image may contain: 1 person, standing and indoor Image may contain: 1 person, sitting, shoes and outdoor Image may contain: 1 person, smiling Writer-YLLT(Cele Star)