ဖေဖေဂျူမုံ သံတမန်ခန့်အပ်ခံရတဲ့ပွဲကို စမတ်ကျကျဝတ်စုံတွေနဲ့ လာအားပေးကြတဲ့ အမွှာလေး ၃ယောက်

Last modified date

မြန်မာပရိသတ်တွေက ဂျူမုံလို့ လူသိများကြတဲ့ ကိုရီးယားသရုပ်ဆောင် ဆောင်အီကွတ်ကို ChildFund Korea ရဲ့ သံတမန်အဖြစ်ခန့်အပ်တဲ့ပွဲမှာ သူ့ရဲ့ အမွှာသားလေး ၃ယောက်ဖြစ်တဲ့ ဒယ်ဟန်၊ မင်ဂု နဲ့ မန်ဆယ် တို့ကို စမတ်ကျကျ အနောက်တိုင်းဝတ်စုံလေးတွေနဲ့ တွေ့မြင်ကြရပါတယ်။ Song Triplets Suit Up To Support Song Il Gook As He Becomes Honorary Ambassador For ChildFund Korea Image result for Song II Gook Image result for Song II Gook ကလေးသရုပ်ဆောင်တွေအဖြစ် ဖခင်ဖြစ်သူနဲ့အတူ စီးရီးတွေမှာ သရုပ်ဆောင်ခဲ့ကြတဲ့ သူတို့လေးတွေက အခုဆိုရင် တကယ့်ကို ရုပ်ပြောင်းပြီး လူကြီးရုပ်လေးတွေ ဖြစ်နေကြတာကိုလည်း တွေ့ရမှာပါ။ သူတို့အမွှာလေးသုံးယောက် ဖခင်နဲ့အတူ ပွဲတက်လာပုံကို  C-JeS Entertainment ရဲ့ အင်စတာဂရမ်မှာ တင်ခဲ့တာဖြစ်ပြီး ဆောင်အီကွတ်လို လူမျိုး ကလေးငယ်တွေအတွက် ရန်ပုံငွေရှာဖွေရေး သံတမန်ဖြစ်လာတာဟာ အရမ်းကို သင့်တော်တဲ့ ဖြစ်စဉ်တစ်ခုပါ ဆိုတဲ့ Caption နဲ့ တင်ပေးခဲ့တာပါ။ Image result for Song II Gook Image result for Song II Gook အောက်တိုဘာ ၂၄ ရက်က ကျင်းပခဲ့တဲ့ အဆိုပါ သံတမန် ခန့်အပ်ပွဲကို ဖခင်နဲ့အတူ တက်ရောက်လာတဲ့ ဒယ်ဟန်၊ မင်ဂု၊ မန်ဆယ်တို့ ၃ဦးဟာ တကယ့်ကို လူကြီးဆန်ဆန် အသွင်အပြင် ပြောင်းလဲသွားတာကို တွေ့မြင်ကြရတာဖြစ်ပြီး အရင်လို အရမ်းဆော့တဲ့ကလေးတွေမဟုတ်တော့ပဲ တည်ငြိမ်နေကြတာကိုလည်း တွေ့မြင်ရပါတယ်။ Song Il Gook Posts New Photos Of His Triplets For Children’s Day Song Il Gook Commemorates The Triplets’ Growth Through Photos On Their Birthday Image result for Song II Gook ဂျူမုံရဲ့ အမွှာသားလေး ၃ဦးဟာဆိုရင် KBS ရုပ်သံလိုင်းက စီစဉ်ထုတ်လွှင့်တဲ့  “The Return of Superman”  စီးရီးနဲ့ ပရိသတ်ချစ်ခင်မှု ရရှိခဲ့ကြသူတွေဖြစ်ပြီး အဆိုပါ အစီအစဉ်ကနေ ၂၀၁၆ မှာ ထွက်ခဲ့ကြတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဒယ်ဟန် ၊ မင်ဂု၊ မန်ဆယ် တို့ရဲ့ ပရိသတ်တွေလည်း သူတို့ချစ်တဲ့ အမွှာလေး ၃ယောက်ရဲ့ နောက်ဆုံး update လူကြီးရုပ်လေးတွေကို မြင်ပြီး ပိုတောင်ချစ်ကြဦးမယ်လို့ ယူဆရပါတယ်။ ကဲ Cele Star ပရိသတ်ကြီးထဲမှာရော သူတို့လေးတွေရဲ့ ပရိသတ်တွေ ရှိကြလားဟင်။ Related image Writer – YLLT ( Cele Star )