သိန်း ၂၀ ဝန်းကျင်ရှိတဲ့ ခါးပတ်နဲ့ ဖခင်ကို မွေးနေ့ surprise လုပ်လိုက်တဲ့ ဖွေးစိန်

Last modified date

ပြည်သူ့အချစ်တော်ဖွေးစိန်လေးကတော့ ဒီနေ့မှာ မနက်အစောကြီး ဖခင်မနိုးခင် ကျပ်သိန်း ၂၀ ဝန်းကျင် တန်ဖိုးရှိတဲ့ Hermes ခါးပတ်လေးနဲ့ မွေးနေ့ surprise လုပ်လိုက်လို့ သူမရဲ့ ဖခင်ဖြစ်သူ ဦးကျော်ကျော်ဝင်းတစ်ယောက် အိပ်ယာလည်း နိုးရော တအံ့တသြဝမ်းသာနေပါတယ်တဲ့လေ။ No photo description available. ဖွေးစိန်လေးရဲ့ဖေဖေ ဦးကျော်ကျော်ဝင်းက အိပ်ယာနိုးနိုးချင်း ဒန်တန်တန် ကျေးဇူးပါသမီး ဆိုပြီး ဖွေးစိန်လေးပေးတဲ့ Hermes ခါးပတ်လေးရဲ့ ပုံလေးတွေကို သူ့ရဲ့ လူမှုကွန်ရက်အကောင့်မှာ တင်ထားတာဖြစ်ပါတယ်။ No photo description available. ဖွေးစိန်လေးက သူမဖေဖေကို Happy Belated Birthday ဖေဖေ၊ မွေးနေ့ကစပြီး ပိုပျော်၊ ပိုကျန်းမာ၊ ပိုချမ်းသာ လာပါစေလို့ ဆုတောင်းပေးထားတာဖြစ်ပါတယ်။ ဖွေးစိန်ဖခင်ရဲ့ မွေးနေ့က ပြီးသွားပြီဖြစ်ပေမယ့် နောက်ကျ မွေးနေ့လက်ဆောင်လေးနဲ့ ဖခင်ကို ပျော်စေခဲ့တဲ့ ဖွေးစိန်လေးပါပဲ။ No photo description available. Image may contain: 2 people, people smiling, text ဖွေးစိန်လေးရဲ့ ဖေဖေက လက်ရှိမှာ Daddy’s Kitchen ဆိုတဲ့ အွန်လိုင်း Food ဆိုင်လေး ဖွင့်ထားပြီး ဘာဂါသေးသေးလေးတွေက ဖွေးစိန်ဖေဖေဆိုင်ရဲ့ အဓိက လူကြိုက်များတဲ့အရာလို့ သိရပါတယ်။ ဖွေးစိန်လေးရဲ့ မေမေမွေးနေ့ကလည်း ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်နေ့မှာ ကျရောက်ခဲ့တာဖြစ်ပြီး အဲဒီနေ့တုန်းကတော့ သူမဖေဖေက မွေးနေ့အထိမ်းအမှတ် သူ့လက်ရာနဲ့ ချက်ပြုတ်ကျွေးမွေးခဲ့တာပဲ ဖြစ်ပါတယ်။ ဖွေးဖန်လေးတွေ တစ်ခုခု ပြောပေးသွားပါဦးနော်။ Image may contain: 1 person, food and text Writer – YLLT ( Cele Star )