ခင်ပွန်းဖြစ်သူကို အရက်သောက်ဖို့ခေါ်တဲ့သူငယ်ချင်းတွေကို သတိပေးလိုက်တဲ့ သဉ္ဇာနွယ်ဝင်း

ချစ်စရာကောင်းတဲ့ သားလေး Peach နဲ့အတူ သမီးလေးကိုပါ သဉ္ဇာနွယ်ဝင်းက ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။

Image may contain: 4 people, people smiling, selfie and closeup

Image may contain: 4 people, people smiling, flower and outdoor

သဉ္ဇာနွယ်ဝင်းဟာ အနုပညာလောကထဲကို ဝင်ရောက်လာပြီး တစ်ခဏအတွင်းမှာ အောင်မြင်မှုတွေရရှိခဲ့တဲ့ အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။ MTV တွေနဲ့အတူ ဗီဒီယိုဇာတ်ကားပေါင်းများစွာက သူမအတွက် အနုပညာလမ်းတစ်ခုဖြစ်ခဲ့ပါတယ်။ ချစ်စရာကောင်းတဲ့ အသံလေးကြောင့်လည်း အမာခံပရိသတ်ပေါင်းများစွာကို ရရှိခဲ့တာပါ။

Image may contain: 2 people, people smiling, people standing, wedding and outdoor

Image may contain: 4 people, people sitting

သဉ္ဇာနွယ်ဝင်းက စတီဗင်လှနဲ့ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ သားသားလေးတစ်ဦးနဲ့ သမီးလေးတစ်ဦးကိုပါ ထပ်မံမွေးဖွားခဲ့တာဖြစ်ပါတယ်။ သားနဲ့သမီး တစ်ဦးစီ ပိုင်ဆိုင်ထားခဲ့ပြီဖြစ်တာကြောင့်လည်း သူမတို့ မိသားစုဘဝလေးက ပိုမိုပြည့်စုံသွားခဲ့ပြီလို့ ဆိုရမှာပါ။ ဒီလိုပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကို တည်ဆောက်နေတဲ့အချိန်မှာ မိသားစုအတွက် အချိန်မပေးနိုင်ဘဲ အလိုက်မသိတတ်ကြတဲ့ ခင်ပွန်းဖြစ်သူရဲ့ သူငယ်ချင်းအချို့ကို သဉ္ဇာနွယ်ဝင်းက သတိပေးစကားပြောလိုက်ပါတယ်။

Image may contain: 2 people, people smiling, people standing and outdoor

Image may contain: 2 people, people smiling, people sitting, indoor and closeup

“အကိုတို့ရေ ကျွန်မကလေးတွေကလေ သူ့အဖေပြန်လာတဲ့အချိန်ကိုညတိုင်းမအိပ်ပဲစောင့်နေကြလို့ ခဏပဲဖြစ်ဖြစ်အကြာကြီးပဲဖြစ်ဖြစ် အရက်သောက်ဖို့မခေါ်ပါနဲ့ အလိုက်လေးသိပေးကြပါ အကိုတို့ခေါ်တဲ့နေရာကိုကျွန်မပါလိုက်လာမိလိမ့်မယ်နော်” လို့ အသိပေးစကားပြောလိုက်တာဖြစ်ပါတယ်။

Image may contain: 3 people, people smiling, people sitting

Image may contain: 3 people, people smiling, people standing and indoor

ယခုလိုမျိုး ကိစ္စရပ်တွေဟာ အိမ်ထောင်ရေးအတော်များများမှာ ဖြစ်ပေါ်လေ့ရှိတာကြောင့် သဉ္ဇာနွယ်ဝင်းရဲ့ ယခုသတိပေးစကားပြောဆိုမှုကို ပရိသတ်တွေကလည်း ထောက်ခံအားပေးခဲ့ကြတာ တွေ့ရပါတယ်။

Image may contain: 2 people, indoor

Image may contain: 2 people, people standing

Writer-YS,Cele Star