ရွာက လူတွေအတွက် မနောမယဆရာတော်ကိုပင့်ဖိတ်ပြီး တရားအလှူပွဲကြီးကို ကျင်းပပေးခဲ့တဲ့ ဖြူဖြူထွေး

ဆယ်လီမလေး ဖြူဖြူထွေးကတော့ အလှူအတန်းတွေကို ဆက်တိုက်ဆိုသလို ပြုလုပ်နေတာတွေ့ရပါတယ်။

Image may contain: 2 people, people standing and child

Image may contain: 3 people, people standing and outdoor

Image may contain: 6 people, people standing

ဖြူဖြူထွေးက ဒီလထဲမှာ ပြည့်သွားပြီဖြစ်တဲ့ သူမရဲ့ (၂၁) နှစ်ပြည့်မွေးနေ့ပွဲကို ရွာမှာ ခြိမ့်ခြိမ့်သဲကျင်းပနေတာဖြစ်ပါတယ်။ နိုင်ငံကျော် ဖက်ရှင်ဒီဇိုင်းနာ မျိုးမင်းစိုးကလည်း ဖြူဖြူထွေးရဲ့ ရွာအထိ အရောက်သွားပြီး မွေးနေ့ပွဲကို တက်ရောက်ခဲ့တာပါ။ ဖြူဖြူထွေးက ရွာက ရွာသူ/သားတွေအတွက် မွေးနေ့အလှူကြီးအပြင် တရားဓမ္မအလှူပွဲကြီးကိုပါ ကျင်းပပေးခဲ့တာဖြစ်ပါတယ်။

Image may contain: 23 people, people standing

Image may contain: 8 people, child

Image may contain: 4 people, people sitting

ဆရာတော် မနောမယကို ရွာအထိ ပင့်ဖိတ်ပြီးတော့ရွာသူရွာသားတွေအတွက် တရားထူးတရားမြတ်ရအောင် တရားအလှူပေးခဲ့တာပါ။ နေ့ခင်းပိုင်းမှာလည်း ပကာသနတွေခွာချပြီး အလှူလှည့်ခဲ့သေးတယ်လို့ ဖြူဖြူထွေးက သူမရဲ့ လူမှုကွန်ယက်အကောင့်မှာရေးသားထားပါသေးတယ်။

Image may contain: 5 people, people on stage

Image may contain: 12 people, indoor

Image may contain: 27 people

ဖြူဖြူထွေးရဲ့ တရားအလှူပွဲကြီးကိုတော့ ပရိသတ်တွေက သာဓုခေါ်ဆိုပြီး ချီးကျူးနေကြတာဖြစ်ပါတယ်။ အသက်ငယ်ငယ်လေးနဲ့ အောင်မြင်လာတဲ့အပြင် ပကာသနမရှိ ရိုးသားလွန်းပြီး တရားအလှူပွဲတွေပြုလုပ်ပေးတာကြောင့် ဒီထက်ပိုပြီးအောင်မြင်ဦးမှာလို့ မှတ်ချက်ပေးနေကြတာလည်း တွေ့ရပါတယ်။

Image may contain: 1 person, child and outdoor

Image may contain: 5 people

Image may contain: 2 people, people standing

ဖြူဖြူထွေးဟာ လူမှုကွန်ယက်ပေါ်က ဖေ့ဘုတ်တွေထက်မှာ အောင်မြင်မှုရရှိလာပြီး ကြော်ငြာရှင်တွေရဲ့ ကမ်းလှမ်းချက်တွေကို ရရှိလာခဲ့တဲ့ ဖေ့ဘုတ်ဆယ်လီတစ်ဦးပါ။ သူမရဲ့ ဖေ့ဘုတ်ပေါ်က အောင်မြင်မှုဟာ အချို့သော အနုပညာရှင်တွေ ချီးကျူးရလောက်အောင်အထိ ဖြစ်ခဲ့ပါတယ်။

Image may contain: 10 people

Image may contain: 3 people, people standing, tree and outdoor

Image may contain: 2 people, people standing, tree, child, sky, outdoor and nature

Writer-YS,Cele Star