ကျိုက်ထီးရိုးကို မိသားစုလိုက်သွားရင်း ဘုရားဖူးလာသူတွေကို ရွှေမိုးငွေမိုးရွာသွန်းပေးခဲ့တဲ့ စမိုင်းလ်

သရုပ်ဆောင်စမိုင်းလ်က ဘုရားဖူးလာ ပရိသတ်တွေကို ရွှေမိုးငွေမိုးရွာပြီး အလှူအတန်းပြုလုပ်ခဲ့ပါတယ်။

Image may contain: 7 people, people standing and outdoor

အလှူရေစက်လက်နဲ့မကွာအောင် လှူဒါန်းနိုင်လွန်းတဲ့ စမိုင်းလ်တို့ ဇနီးမောင်နှံဟာ ဘာသာတရားကိုလည်း ကိုင်းရှိုင်းရိုသေတတ်ကြသူတွေပါ။ အလှူအတန်းတွေတင်မကဘဲ ဘာသာရေးအတွက် ပါရမီဖြည့်ရာ လုပ်ဆောင်ချက်အများအပြားကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။ကျိုက် ၅ ကျိုက်၊ ညောင်ဆယ်ပင်၊ ရွှေတိဂုံ-ကျိုက်ထီးရိုး ကက်ကင်းအဓိဌာန် စတဲ့ အဓိဌာန်ပေါင်းများစွာကို ဦးဆောင်ပြီး ဆောင်ရွက်ခဲ့သူပါ။

Image may contain: 1 person, cloud, sky and outdoor

Image may contain: 3 people, people standing, sky, cloud and outdoor

ယခုလည်း မိသားစုလိုက် ကျိုက်ထီးရိုးကို ဘုရားဖူးသွားရောက်ခဲ့တာ တွေ့ရပါတယ်။ ရွှေတိဂုံ- ကျိုက်ထီးရိုး ကက်ကင်းအဓိဌာန်ပို့ဆောင်တဲ့အချိန်ကလည်း ကျိုက်ထီးရိုး ရင်ပြင်တော်ပေါ်မှာသစ်တံခါးဆရာတော်ဘုရားကြီးကို ပင့်ဖိတ်ပြီး တရားပေးစေခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဘုရားဖူးလာ ပရိသတ်တွေကို ရွှေမိုးငွေမိုးကြဲစေခဲ့ပြီး ယခုတစ်ခေါက် ကျိုက်ထီးရိုး ဘုရားဖူးမှာလည်း ဧည့်ပရိသတ်တွေကို ရွှေမိုးငွေမိုးရွာသွန်းပေးခဲ့ပြန်ပါတယ်။

Image may contain: sky and outdoor

အလှူရေစက် လက်နဲ့မကွာလို့ ပရိသတ်တွေက ချီးကျူးထောပနာပြုရလောက်အောင် အလှူအတန်းတွေ လုပ်နိုင်လွန်းတဲ့သူမကို ပရိသတ်တွေက ပိုပိုပြီးအားကျ ချစ်ခင်လာကြတာတွေ့ရပါတယ်။ သူမချစ်တဲ့ အလှူအတန်းတွေကို ဘဝတစ်လျှောက် အမြဲလုပ်ဆောင်သွားနိုင်ပါစေလို့ ပရိသတ်တွေနဲ့ထပ်တူ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Image may contain: 2 people, crowd, sky and outdoor

Image may contain: 1 person, crowd, sky and outdoor

Writer-YS,Cele Star