ကြက်သီးထဖို့ကောင်းလောက်အောင် အားကျသွားမယ့် ခင်ပွန်းဖြစ်သူက စမိုင်းလ်ကို Surprise လုပ်ပေးခဲ့တဲ့ ဗီဒီယို

သရုပ်ဆောင် စမိုင်းလ်ကတော့ ချစ်သူများနေ့လေးမှာ ခင်ပွန်းဖြစ်သူရဲ့ Surprise အကြီးကြီးကြောင့် ဝမ်းသာမျက်ရည်တွေတောင်ကျခဲ့ရပါတယ်။

Image may contain: 1 person, standing

Image may contain: 4 people, people standing

အခက်အခဲတွေနဲ့ပြည့်နေခဲ့တဲ့ ချစ်သူဘဝတည်းက လက်တွဲလာခဲ့ကြပြီး ယခုအချိန်မှာ အဘက်ဘက်က ပြည့်စုံနေချိန်မှာလည်း တစ်ဦးကိုတစ်ဦး သစ္စာမပျက်ဘဲ ချစ်နိုင်တာကြောင့် အားကျအတုယူသင့်တဲ့ အနုပညာရှင်စုံတွဲတွေထဲ ပါဝင်ခဲ့ပါတယ်။

Image may contain: 1 person, sitting

Image may contain: 1 person

အသက်တွေကြီးလာပေမယ့်လည်း အကြင်နာတရားတွေ တစ်စက်လေးမှ လျော့မသွားတဲ့ စမိုင်းလ်တို့ဇနီးမောင်နှံက တစ်ဦးနဲ့တစ်ဦး ရိုဆန်ဆန် Surprise တွေ မကြာခဏပြုလုပ်လေ့ရှိပါတယ်။

Image may contain: 1 person, sitting

Image may contain: 2 people, people standing

ဘာသာရေးမှာလည်း အများအားကျရလောက်အောင် ဇနီးမောင်နှံ နှစ်ဦးစိတ်တူကိုယ်တူ ဆောင်ရွက်နိုင်တာလည်းတွေ့ရပါတယ်။ ချစ်သူများနေ့အတွက် ခင်ပွန်းဖြစ်သူကို ဘာ လက်ဆောင်မှမတောင်းဘဲ လူပေါင်း ၁၅၀၀ ကိုရွှေတိဂုံ-ကျိုက်ထီးရိုး ကက်ကင်းအဓိဌာန်ပို့ပေးဖို့ပဲ စမိုင်းလ်က တောင်းဆိုခဲ့တာဖြစ်ပါတယ်။

Image may contain: 1 person, standing

Image may contain: 2 people, people standing, wedding and outdoor

သို့သော်လည်း ခင်ပွန်းဖြစ်သူ ကိုပြည့်မောင်က စမိုင်းလ်အတွက် ချစ်သူများနေ့မှာ Surprise အကြီးကြီးတစ်ခုဖန်တီးပေးခဲ့တာ ပရိသတ်ကြီးလည်းသိကြမှာပါနော်။ နေကြာပန်းခင်းကြီးတွေပြည့်နှက်နေတဲ့ ဘောလုံးကွင်းနဲ့အတူ သူမတို့ ဘဝတစ်လျှောက်ဖြတ်သန်းခဲ့ရတဲ့ အမှတ်တရလေးတွေကို ကာတွန်းပုံစံနဲ့ ပုံဖော်ထားပြီး စမိုင်းလ်ကို Surprise လုပ်ခဲ့တာပဲဖြစ်ပါတယ်။

Image may contain: one or more people

Image may contain: one or more people and people standing

ဒီနေ့မှာ စမိုင်းလ်က ချစ်သူများနေ့ တုန်းက Surprise လုပ်ပေးခဲ့တဲ့ ဗီဒီယိုကို ပရိသတ်တွေလည်း ကြည့်ရှုပြီးအားကျသွားရအောင် သူမက ဖော်ပြပေးလာတာဖြစ်ပါတယ်။ ကဲ…ကြည့်ပြီးသူတိုင်းကတော့ စမိုင်းလ်တို့ဇနီးမောင်နှံနဲ့ ထပ်တူ ဝမ်းသာပီတိမျက်ရည်တွေကျရလောက်အောင် ခံစားမိကြမယ်လို့ ထင်ပါတယ်နော်။

Writer-YS,Cele Star