ပူဇော်ထိုက်သူ ဆရာတစ်ဦးဖြစ်တဲ့ လှိုင်ဦးမော်ကို သွားရောက်ကန်တော့ခဲ့တဲ့ မနော

နိုင်ငံကျော်အဆိုရှင်တစ်ဦးဖြစ်သူ မနောကတော့ ပူဇော်ထိုက်သူတွေကို သွားရောက်ပူဇော်ကန်တော့ခဲ့ပါတယ်။

Image may contain: 1 person, sitting and indoor

မြန်မာတေးသီချင်းတွေနဲ့ အောင်မြင်လာတဲ့ တေးသံရှင် မနောက မကြာခင်ကျရောက်လာတော့မယ့် သင်္ကြန်အတွက်လည်း သင်္ကြန်သီချင်းအသစ်စက်စက်လေး ထွက်ရှိထားသူပါ။ သူကိုယ်တိုင်သီဆိုထားတဲ့ ဗိုလ်အောင်ဒင်၊ ကြာဖြူနဲ့ သီချင်းပေါင်းများစွာက မြန်မာ့ ၁၂ လရာသီပွဲတော်တွေမှာ အဖွင့်များဆုံးသီချင်းတွေဖြစ်ခဲ့ပါတယ်။

Image may contain: 4 people, people standing and outdoor

ကလေးကစလို့ အသက်အရွယ်ကြီးတဲ့ လူကြီးတွေအထိ မနောရဲ့ သီချင်းတွေကို ကြိုက်နှစ်သက်အားပေးခဲ့ကြရတာဖြစ်ပါတယ်။ မနောဟာ အဆိုတော်တစ်ဦးမဖြစ်လာခင်မှာ ခက်ခဲတဲ့ဘဝတစ်ခုကို ရင်ဆိုင်ဖြတ်သန်းခဲ့ရတာဖြစ်ပါတယ်။ ယနေ့အချိန်ထိလည်း ဘုန်းကြီးဆွမ်းခံကြွချိန်မှာ ကပ္ပိယအဖြစ် ကုသိုလ်ယူလုပ်ကိုင်နေဆဲဖြစ်ပါတဆယ်။

Image may contain: 2 people, people standing, sky and outdoor

Image may contain: 1 person, standing, bridge and outdoor

မနောဟာ ဘဝမမေ့တတ်သူတစ်ဦးဖြစ်ပြီး သူ့ကို ဂီတလောကထဲကူညီလက်တွဲခေါ်လာခဲ့တဲ့ ဂီတဆရာတစ်ဦးဖြစ်သူ လှိုင်ဦးမော်ကိုသွားရောက် ကန်တော့ခဲ့တာဖြစ်ပါတယ်။

Image may contain: 2 people, people sitting and indoor

Image may contain: 2 people, people sitting and indoor

“ပူဇာ စ ပူဇနေယျာနံ ပူဇော်ထိုက်သူကိုပူဇော်အပ်ခြင်းတဲ့ ကျနော် ငယ်စဉ်ကတည်းက ကြိုက်နှစ်သက်ခဲ့ရတဲ့ အနုပညာရှင်လည်းဖြစ်တယ် ကျနော့်ရဲ့ ပထမအဦးဆုံးတေးစီးရီး လက်ချောင်းများခွေ စထုတ်ကတည်းက စေတနာ မေတ္တာထားပြီး ကူညီလက်တွဲခေါ်ပေးခဲ့တဲ့ ဆရာသမားတစ်ဦးဖြစ်တဲ့ တေးရေး တေးဆို ကိုလှိုင်ဦးမော် ကိုကန်တော့ဖြစ်ခဲ့တယ် အားလုံးကျန်းမာချမ်းကြပါစေခင်ဗျာ😍🙏🏆” လို့ ဆရာသမားကိုသွားရောက် ကန်တော့ခဲ့တဲ့အကြောင်း မျှဝေထားပါတယ်။

Image may contain: 2 people, people sitting and indoor

ကျေးဇူးရှင်ကိုသိတတ်ပြီး ဘဝမမေ့တဲ့သူလေးမို့ မနောတစ်ယောက် ဂီတလောကမှာ အောင်မြင်မှုလျှမ်းလျှမ်းတောက်ရရှိနေတာပဲဖြစ်ပါတယ်။ ဒီထက်ပိုပြီး ဂီတလောကမှာ အောင်မြင်မှုအပေါင်း သရဖူထပ်ဆင့်ဆောင်းနိုင်ပါစေလို့လည်း ဆုတောင်းပေးလိုက်ပါတယ်။

Image may contain: 2 people, people sitting

Writer-YS,Cele Star