မိသားစုညစာစားပွဲမှာ တစ်ခွန်းတည်းပြောပြီး စည်းကမ်းထုတ်ခဲ့တဲ့ လွင်မိုး

သရုပ်ဆောင် လွင်မိုးတို့မိသားစုက ငပလီကမ်းခြေကို အပန်းဖြေဖို့ အလည်အပတ် ရောက်ရှိနေတာဖြစ်ပါတယ်။

Image may contain: 6 people, people smiling, people sitting, table, indoor and food

ပရိသတ်တွေက အားကျချစ်ခင်ကြရတဲ့ မိသားစုဘဝလေးကို သရုပ်ဆောင်လွင်မိုးက ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ သမီးလေး ၂ ဦးနဲ့အတူ ချစ်စရာကောင်းတဲ့ မိသားစုလေးကိုပိုင်ဆိုင်ထားတဲ့အပြင် ယခုဆိုရင် မြေးချောလေးကိုပါ ပိုင်ဆိုင်ရရှိထားပြီဖြစ်ပါတယ်။

Image may contain: 3 people, tree, shoes and outdoor

အရင်ထက်ပိုပြီး ပြည့်စုံတဲ့ မိသားစုဘဝလေးကို ရရှိလာတဲ့ လွင်မိုးဟာ သားသမီးအချစ် မြေးအနှစ်ဆိုသလို မြေးလေး လီယျံကိုသည်းသည်းလှုပ်ချစ်နေတာလည်းဖြစ်ပါတယ်။ မြေးလေးနဲ့အတူ ခရီးတွေထွက်လေ့ရှိတဲ့ လွင်မိုးတို့ဇနီးမောင်နှံဟာ ယခုလည်း မိသားစုလိုက် ငပလီကမ်းခြေကိုရောက်ရှိနေတာတွေ့ရပါတယ်။

Image may contain: 2 people, people smiling, people sitting, table, drink and indoor

Image may contain: 2 people, people sitting, table and indoor

မိသားစုလိုက် ငပလီကမ်းခြေမှာ ညစာစားနေချိန် လွင်မိုးက စည်းကမ်းချက်တစ်ခုကို ထုတ်ခဲ့ပါတယ်။ အဲ့ဒါကတော့ ထမင်းလက်ဆုံစားစဉ် ဖုန်းတွေကို အသုံးမပြုဘဲ စုပုံချထားရတဲ့စည်းကမ်းချက်လေးပဲဖြစ်ပါတယ်။

Image may contain: 2 people, people smiling, people sitting, table and outdoor

“မိသားစု ညစာ “တခွန်းတည်းပြောမယ်” ဘယ်သူမှ ဖုံးမသုံးရ” လို့ သူ့ရဲ့ လူမှုကွန်ယက်အကောင့်ကနေ ရေးသားထားတာဖြစ်ပါတယ်။

Image may contain: phone

Image may contain: phone

စမတ်ဖုန်းတွေပေါများလာတဲ့ ယနေ့ခေတ်ကာလမှာ မိသားစုတွေ မိတ်ဆွေတွေ နီးလျက်နဲ့ ဝေးနေကြသလိုဖြစ်လာခဲ့ပါတယ်။ လွင်မိုးရဲ့ ဒီစည်းကမ်းချက်လေးကတော့ မိသားစုတွေတိုင်းမှာ ထားရှိသင့်တဲ့ စည်းကမ်းလေးပဲဖြစ်တာကြောင့် လိုက်နာကျင့်သုံးကြည့်ကြပါဦးနော်။

Image may contain: 3 people, people smiling, people sitting

Writer-YS,Cele Star