တီတီချစ်သုဝေနဲ့ ဆုံရလို့ ပျော်နေတဲ့ ထိပ်ထားသခင်လေး

Last modified date

ထိပ်ထားသခင်လေးက ပွဲတစ်ခုမှာ တီတီချစ်သုဝေ၊ ခေတ်ခေတ်၊ ဈေးသည်ကြီး ကိကိ တို့နဲ့ ဆုံရလို့ အရမ်းပျော်နေပါတာပါ။ ထိပ်ထားသခင်လေးက ဒီနေ့ အထက ၄ အလုံမှာ ကျင်းပတဲ့  ကမ္ဘာ့လက်ဆေးရေးနေ့ Global Hand Washing Day 2019  ကို တက်ရောက်ခဲ့တာလို့ သိရပါတယ်။ Image may contain: 2 people, people standing and child Image may contain: 2 people, people standing ကျောင်းမှာရှိတဲ့ ကျောင်းသားတွေနဲ့အတူ ထိပ်ထားသခင်လေးရော၊ တီတီချစ်သုဝေ၊ ဆရာဝန်မော်ဒယ်လ်နဲ့ Miss တစ်ဦးဖြစ်တဲ့ မမအေးချမ်းမိုး၊ ခေတ်ခေတ်၊ ကိကိ တို့အားလုံးက လက်ဆေးခဲ့ကြတာပါတဲ့။ Image may contain: 7 people, people smiling, people standing and crowd Image may contain: 6 people, people smiling, people sitting ထိပ်ထားတို့လိုပဲ ကျန်းမာဖို့ အားလုံးလက်ဆေးကြဖို့ မမေ့ပါနဲ့လို့လည်း ထိပ်ထားလေးက သတိပေးလိုက်ပါသေးတယ်။ ဒီပွဲလေးကို Lifebuoy ဆပ်ပြာကနေ ဦးစီးကျင်းပတာဖြစ်ပြီး ကမ္ဘာ့လက်ဆေးရေးနေ့ အထိမ်းအမှတ်အနေနဲ့ ထုတ်ထားတဲ့ Lifebuoy လက်ဆေးဆပ်ပြာနဲ့ ရေချိုးဆပ်ပြာဘူးလေးတွေဝယ်လိုက်တိုင်း ငွေကျပ် ၂၀၀ ကို စာသင်ကျောင်းတွေမှာ လက်ဆေးကျန်းမာရေး အသိပညာပေးရေးလုပ်ငန်းတွေအတွက် လှူဒါန်းသွားမယ်လို့ သိရပါတယ်။ Image may contain: 3 people, people sitting Image may contain: 6 people, people sitting, shoes and child ထိပ်ထားလေးလိုပဲ တီတီချစ်သုဝေနဲ့ ကိကိလေး၊ ခေတ်ခေတ်လေးတို့ကလည်း အားလုံးဆုံတွေ့ရလို့ ပျော်နေကြတာပါ။ တီတီချစ်သုဆိုရင် ကိကိလေးရော ခေတ်ခေတ်လေးကိုရော ချီလို့ ပျော်နေလိုက်ကြတာ။ ပရိသတ်ကြီးလည်း သူတို့ရဲ့ အပျော်တွေကူးစက်နိုင်အောင်လို့ ပွဲအတွင်းချစ်စဖွယ်ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဗီဒီယိုလေးလည်းပါတယ်နော်။ Image may contain: 1 person, sitting and child Image may contain: 4 people Writer – YLLT ( Cele Star )