ခင်ပွန်းဖြစ်သူရဲ့ ညီလေး မင်္ဂလာပွဲကို မိသားစုလိုက် တက်ရောက်ဂုဏ်ပြုခဲ့တဲ့ စမိုင်းလ်

Last modified date

သရုပ်ဆောင် စမိုင်းလ်တို့ မိသားစုက သူမ ခင်ပွန်းဖြစ်သူရဲ့ ညီလေး မင်္ဂလာပွဲကို မိသားစုလိုက် တက်ရောက်ဂုဏ်ပြုခဲ့တာဖြစ်ပါတယ်။

Image may contain: 4 people, people standing and outdoor

ပရိသတ်တွေ အားကျပြီးအတုယူရလောက်အောင် ပျော်ရွှင်ဖွယ်ကောင်းတဲ့မိသားစုလေးကို ပိုင်ဆိုင်ထားတာကတော့ စမိုင်းလ်တို့ဇနီးမောင်နှံပဲဖြစ်ပါတယ်။ ဘဝကို ဇီးရိုးဘဝကနေ စတင်ဖြတ်သန်းလာခဲ့ကြပြီး ယနေ့လိုအခြေအနေထိရောက်အောင် နှစ်ယောက်အတူ ရင်ဆိုင်ကျော်ဖြတ်ခဲ့ကြတာပဲဖြစ်ပါတယ်။

Image may contain: 1 person, standing

Image may contain: one or more people, people standing and outdoor

အခက်အခဲတွေဘယ်လောက်ရှိရှိ တစ်ဦးနဲ့တစ်ဦး သစ္စာမပျက်ဘဲ တွဲလက်တွေခိုင်မြဲစွာနဲ့ အချစ်တွေတိုးပွားလာအောင်သာ ဖန်တီးနိုင်ခဲ့ကြသူတွေပါ။ စမိုင်းလ်တို့ဇနီးမောင်နှံဟာ သားသမီးတွေရလာသည်ထိတိုင်အောင် တစ်ဦးနဲ့တစ်ဦး ကြင်နာမှု၊ ဂရုစိုက်မှုတွေ လျော့မသွားခဲ့ပါဘူး။ ဘဝကို အတူရင်ဆိုင်ဖြတ်သန်းနေသလို ဘဝအတွက်အရေးကြီးတဲ့ ဘာသာတရားကိုလည်း အတူတကွ ရိုသေကိုင်းရှိုင်းကြတာလည်းဖြစ်ပါတယ်။

Image may contain: one or more people, people standing and wedding

Image may contain: 1 person, standing and wedding

စမိုင်းလ်က လူပေါင်းများစွာအတွက် အဓိဌာန်တွေဝင်နိုင်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါသေးတယ်။ သူမလိုပဲ ဘာသာတရားကို မမေ့လျော့ကြအောင်လို့ ပါရမီဖြည့်ပေးနေတဲ့အနုပညာရှင်တစ်ဦးပါ။

Image may contain: 1 person, standing, outdoor, water and nature

စမိုင်းလ်ကတော့ ခင်ပွန်းဖြစ်သူ ကိုပြည့်မောင်ရဲ့ ညီလေး မင်္ဂလာပွဲကို မိသားစုလိုက်တက်ရောက်ဂုဏ်ပြုခဲ့ကြတာပဲဖြစ်ပါတယ်။ မိသားစုလိုက် ပန်းရောင်ဝတ်စုံလေးနဲ့အတူ လှပနေတဲ့ ညနေခင်းပုံရိပ်လေးတွေကိုလည်း မျှဝေထားပါသေးတယ်။

Image may contain: 3 people, people standing

ခဲအိုလေးရဲ့ မင်္ဂလာပွဲကိုတက်ပြီးစမိုင်းလ်တစ်ယောက် ပျော်ရွှင်ပီတိဖြစ်လွန်းလို့ ငိုမိတယ်လို့ ဆိုပါသေးတယ်။

Image may contain: 2 people, people standing and outdoor

Image may contain: 1 person, standing and outdoor

စမိုင်းလ်တို့မိသားစုရဲ့ မင်္ဂလာပွဲတက်အမှတ်တရပုံလေးတွေကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

Image may contain: 1 person, standing and outdoor

Writer-YS,Cele Star