နှစ်စဉ်ကျင်းပတဲ့ ရှန်ခိုက်ဘုရားပွဲကို ရိုးရာဝတ်စုံလေး ဝတ်ပြီး တက်ရောက်ခဲ့တဲ့ အေးမြတ်သူ

အေးမြတ်သူကတော့ ဟိန္ဒူရိုးရာ ဝတ်စုံလေးနဲ့ ရှန်ခိုက်ဘုရားပွဲကို တက်ရောက်ခဲ့ပါတယ်။

Image may contain: 1 person, standing

အပျိုကြီးလို့ ပရိသတ်တွေက ချစ်စနိုးနဲ့ ခေါ်ရလောက်အောင် အချစ်ရေးကိုလည်း လျိုဝှက်ထားတတ်သူတစ်ဦးပါ။ အသက် (၃၀) ကျော်လာတဲ့နောက်ပိုင်းမှာမှ အချစ်နဲ့ပတ်သက်တဲ့ ခံစားချက်လေးအချို့ကို အေးမြတ်သူတစ်ယောက် ပြောပြတတ်လာတာတွေ့ရပါတယ်။

မြန်မာဆန်တဲ့ ကိုယ်လုံးကိုယ်ပေါက်အလှလေးနဲ့အတူ သူမရဲ့ ပါးချိုင့်လေး နှစ်ဖက်က ပရိသတ်တွေကို ပိုမိုရင်ခုန်စေခဲ့ပါတယ်။ အေးမြတ်သူဟာ သူမချစ်တဲ့ အနုပညာအလုပ်တွေနဲ့အတူ မိသားစုကိုသာ အချိန်ပေးပြီး ဖြတ်သန်းနေခဲ့တာပါ။

အေးမြတ်သူက လားရှိုးမြို့မှာ နှစ်တိုင်းကျင်းပပြုလုပ်လေ့ရှိတဲ့ ရှန်ခိုက်ဘုရားပွဲကို တစ်နှစ်တစ်ခါ ရောက်အောင် လာခဲ့သူဖြစ်ပါတယ်။ ယခုနှစ်မှာ ပြုလုပ်တဲ့ (၁၁၇) နှစ်မြောက် ပေါ်တော်မူ သီရိ သီဝ ရှန်ခိုက်ဘုရား၏ ၂၀၂၀ ပြည့်နှစ် မဟာသျှီဝရာတြီ ပွဲတော်ကြီးကိုလည်း ဟိန္ဒူရိုးရာဝတ်စုံလေးဝတ်ပြီး တက်ရောက်လာခဲ့ပါတယ်။

နှစ်တိုင်း အေးမြတ်သူရဲ့ ရိုးရာဝတ်စုံနဲ့ပုံလေးတွေကို ပရိသတ်ကြီးမြင်တွေ့ဖူးကြမှာပါ။ ဒီတစ်နှစ်မှာလည်း အဝါရောင် ရိုးရာဝတ်စုံလေးနဲ့ ဘယ်လောက်တောင် လှနေလဲဆိုတာ ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

Writer-YS,Cele Star