မင်္ဂလာပွဲမှာ လူပျိုကြီး ခန့်စည်သူကို အပြိုင်လုခဲ့ကြတဲ့ ရွှေမင်းသမီးလေးတွေ

လူပျိုကြီးခန့်စည်သူကတော့ မင်္ဂလာဆောင်မှာ မင်းသမီးလေး (၅) လက်ရဲ့ အပြိုင်လုတာကို ခံလိုက်ရပါတယ်။ ခန့်စည်သူဟာ ယနေ့အချိန်ထိ လူပျိုကြီးဘဝနဲ့ အရိုးထုတ်နေပြီးတော့ မိဘ နှစ်ပါးကို စောင့်ရှောက်နေတဲ့ သားကောင်းရတနာတစ်ဦးလည်းဖြစ်ပါတယ်။

သရုပ်ဆောင် မေမြင့်မိုရ်၊ ရွှေသမီး၊ နန်းစန္ဒာလှထွန်း၊ ခင်ဝင့်ဝါနဲ့ စံထိပ်ထားဦးတို့ (၅) ဦးက မင်္ဂလာပွဲတစ်ခုမှာ ပန်းကြဲ ဗန်းကိုင်တွေအဖြစ် ပါဝင်ကူညီထားကြတာ တွေ့ရပါတယ်။ ဒီမင်္ဂလာပွဲလေးကို ခန့်စည်သူကလည်း ပါဝင်ကူညီခဲ့တာဖြစ်ပါတယ်။ အရောင်တစ်မျိုးစီနဲ့ လှပနေကြတဲ့ ဒီမင်းသမီးလေး (၅) ဦးရဲ့ ပုံလေးတွေက ပရိသတ်ကြီးကို ရင်ခုန်စေမှာပါ။

မြန်မာဆန်တဲ့ အလှတရားတွေနဲ့ သူတို့ (၅) ဦးရဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

ဒါ့အပြင် လူပျိုကြီး ခန့်စည်သူကို အပြိုင် ဆွဲပြီး လုနေကြတဲ့ ပုံရိပ်လေးတွေကလည်း ချစ်စဖွယ်ပုံဖော်ထားတဲ့ ပုံရိပ်ကောင်းလေးတစ်ခုဖြစ်ခဲ့ပါတယ်။

Writer-YS,Cele Star