ချစ်သူလေးနဲ့အတူ ကမ်းခြေကိုရောက်ရှိနေတဲ့ အဆိုတော် ဂေဂေး

အဆိုတော် ဂေဂေးက ချစ်သူဖြစ်တဲ့ အလှမယ် ဆွေဇင်ထက်နဲ့အတူ ချောင်းသာကမ်းခြေကိုရောက်ရှိနေတာဖြစ်ပါတယ်။

Image may contain: 1 person, smiling, standing, sky and outdoor

အလှမယ် ဆွေဇင်ထက်က သူမဟာ LGBT တစ်ဦးဖြစ်ကြောင်း အလှမယ်ပြိုင်ပွဲမှာ ချပြခဲ့တာဖြစ်ပါတယ်။ Miss Universe Myanmar 2019 ရဲ့ ဝင်းနားဆုရှင်တစ်ဦးဖြစ်သူ အလှမယ် ဆွေဇင်ထက်ဟာ မြန်မာနိုင်ငံကိုယ်စားပြုပြီးတော့ Miss Universe ကိုသွားရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပါတယ်။

Image may contain: 2 people, people smiling, ocean, sky, outdoor, water and nature

Image may contain: 2 people, people smiling, ocean, sky, outdoor, water and nature

ဒီပြိုင်ပွဲကြီးမှာပဲ သူမဟာ LGBT တစ်ဦးဖြစ်ကြောင်းနဲ့ သူမရဲ့ ချစ်သူဟာ အဆိုတော်ဂေဂေးဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးပြောကြားခဲ့တာပါ။ သူမဘဝအမှန်ကို ပြောပြဖို့အတွက် အဘက်ဘက်က တာဝန်ရှိသူတွေကို တိုင်ပင်ဆွေးနွေးခဲ့ပြီးမှ ပြောဆိုခဲ့တယ်လို့ အလှမယ် ဆွေဇင်ထက်က ဆိုပါတယ်။

Image may contain: 2 people, people smiling, ocean, sky, outdoor, water and nature

Image may contain: 1 person, smiling, outdoor

အဆိုတော်ဂေဂေးနဲ့ အတူ ပျော်ရွှင်ဖို့ကောင်းတဲ့ ချစ်သူဘဝလေးကို တည်ဆောက်ထားပြီး သူမတို့ရဲ့ Relationship ကို ပရိသတ်တွေကလည်း အသိအမှတ်ပြု အားပေးခဲ့ကြပါတယ်။

Image may contain: 2 people, people smiling, ocean, sky, outdoor, water and nature

အဆိုတော်ဂေဂေးနဲ့ အလှမယ်ဆွေဇင်ထက်တို့ ချစ်သူ နှစ်ဦးကတော့ လက်ရှိမှာ ချောင်းသာကမ်းခြေကိုရောက်ရှိပြီး အပန်းဖြေနေကြတာဖြစ်ပါတယ်။ သူတို့ ချစ်သူ နှစ်ဦးရဲ့ ပျော်ရွှင်စရာပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေ ကြည့်ရှုနိုင်အောင် မျှဝေပေးထားပါတယ်နော်။

Image may contain: 2 people, people smiling, people sitting, sky, child, ocean, outdoor, nature and water

Image may contain: 1 person, smiling, standing, ocean, sky, outdoor, nature and water

Writer-YS,Cele Star