ပကာသနမရှိဘဲ မွေးနေ့အလှူကျင်းပရာ ဖြူဖြူထွေးရဲ့ ရွာအထိသွားရောက်ခဲ့တဲ့ ဒီဇိုင်းနာ မျိုးမင်းစိုး

ဒီဇိုင်နာ မျိုးမင်းစိုးက ဒီကနေ့မှာကျရောက်တဲ့ ဖြူဖြူထွေးရဲ့ အသက် (၂၁) နှစ်ပြည့်မွေးနေ့အလှူကျင်းပရာ ရွာအထိ လိုက်သွားခဲ့ပါတယ်။

Image may contain: 2 people, people smiling, people standing, tree, outdoor and nature

Image may contain: 2 people, people smiling, people standing and outdoor

Image may contain: 1 person, standing

ဖေ့ဘုတ်ပေါ်က ဆယ်လီတစ်ဦးအဖြစ် နာမည်ကြီးခဲ့တဲ့ ဖြူဖြူထွေးဟာ လက်ရှိမှာတော့ ပရိသတ်တွေ အားပေးမှုများ လက်ခံရရှိထားတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်နေခဲ့ပါတယ်။ သူမရဲ့ ပွင့်လင်းရိုးသားလွန်းလှတဲ့ စိတ်ထားလေးကလည်း သူမကို လူချစ်လူခင်ပိုမိုပေါများစေခဲ့တာပါ။

Image may contain: 1 person, smiling, standing, tree, outdoor and nature

Image may contain: 1 person, standing

Image may contain: 2 people, people sitting and indoor

ဖြူဖြူထွေးဟာ ကျောင်းကပွဲကနေတဆင့် ဖေ့ဘုတ်အသုံးပြုသူတွေကြား နာမည်ကြီးလာခဲ့ပြီး ယခုဆိုရင် ကြော်ငြာများကို လက်ခံရိုက်ကူးနေရပြီဖြစ်ပါတယ်။ ဒီကနေ့မှာကျရောက်လာတဲ့ သူမရဲ့ ၂၁ နှစ်ပြည့်မွေးနေ့လေးကိုလည်း ရွာမှာပဲ အလှူအတန်းတွေပြုလုပ်ပြီး ဖြတ်သန်းခဲ့တာဖြစ်ပါတယ်။

Image may contain: 2 people, wedding and indoor

Image may contain: 2 people, people smiling, people standing, tree, outdoor and nature

Image may contain: 3 people

ဒီမွေးနေ့လေးကိုတော့ မြန်မာနိုင်ငံရဲ့ နာမည်ကြီးဒီဇိုင်းနာတစ်ဦးဖြစ်သူ ဒီဇိုင်းနာ မျိုးမင်းစိုးက ဖြူဖြူထွေးရဲ့ ရွာအထိ သွားရောက်ခဲ့ပါတယ်။ ရိုးသားပွင့်လင်းလွန်းတဲ့ ဖြူဖြူထွေးရဲ့ မွေးနေ့အလှူလေးကိုသွားရောက်ရင်း ရွာမှာရှိတဲ့ အဘိုးအဘွားတွေကိုပါ အလှူငွေတွေနဲ့ ကန်တော့ခဲ့တယ်လို့ ဒီဇိုင်းနာ မျိုးမင်းစိုးက ပြောပြထားပါတယ်။

Image may contain: 4 people, people standing

Image may contain: 4 people, people smiling, people standing and outdoor

Image may contain: 3 people, people smiling, people standing, tree, child, outdoor and nature

Image may contain: 2 people, people smiling, people standing, tree, outdoor and nature

“ရိုးသားကြိုးစားပွင့်လင်းတဲ့ညီမလေးဖြူဖြူထွေးမွေးနေ့အလှူသွားရင်း ရွာမှာရှိကြတဲ့အသက်ကြီးဆုံးအဘိုးအဘွားတွေကိုအလှူငွေတွေနဲ့ကန်တော့ခွင့်ရခဲ့တာကျေနပ်ပိတိဖြစ်ရပါတယ်။ ရွာလက်ဆောင်လေးတွေပြန်ပေးလိုက်လို့လည်းပျော်ရွင်ရပါတယ်။ ညီမလေးလည်းမွေးနေ့မှစလို့မိဘနဲ့ရပ်ရွာကိုယခုထက်ပိုလို့အကျိုးပြုလုပ်ကျွေးနိင်တဲ့သူကြီးဖြစ်ပါစေ။” လို့ ဆုမွန်ကောင်းလည်း တောင်းပေးထားပါသေးတယ်။

Image may contain: 2 people, people smiling, people sitting, tree, outdoor and nature

Image may contain: 3 people, people smiling, people standing, outdoor and nature

Image may contain: 2 people, people standing and outdoor

Image may contain: 3 people, people standing and outdoor

နာမည်ကြီးအောင်မြင်လာပေမယ့်လည်း မိဘနဲ့ ရွာကို မမေ့ဘဲ ပရိသတ်တွေကို အမြဲမိတ်ဆက်ပေးလေ့ရှိတဲ့ ဖြူဖြူထွေးရဲ့ စိတ်ရင်းကိုတော့ ပရိသတ်တွေက ချီးကျူးလို့မဆုံးဖြစ်နေကြတာအမှန်ပါပဲ။ ဖြူဖြူထွေး တစ်ယောက် ၂၁ နှစ်ပြည့်မွေးနေ့ကစပြီး ပိုမိုအောင်မြင်တဲ့ အနုပညာရှင်ကြီးအဖြစ်ရပ်တည်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

Image may contain: 4 people, people smiling, people standing and outdoor

Image may contain: 1 person, standing, child, outdoor and nature

Image may contain: 1 person, child

Image may contain: 2 people, people smiling, people sitting and food

Writer-YS,Cele Star