လေယာဉ်ထွက်ပြီးမှ သေကံမပါလို့ လေယာဉ်ပေါ်က ပြန်ဆင်းလာနိုင်ခဲ့တဲ့ ငွေဇင်လှိုင်း

ငွေဇင်လှိုင်းကတော့ အင်မတန် စိုးရိမ်ဖွယ်ကောင်းတဲ့ အခိုက်အတန့်လေးကို ကြုံတွေ့ခဲ့ရတာပဲဖြစ်ပါတယ်။

Image may contain: 1 person, smiling, standing, outdoor and nature

မြန်မာအိုင်ဒေါ ပြိုင်ပွဲကြီးကနေ တဆင့် အနုပညာလောကထဲကိုဝင်ရောက်လာခဲ့တဲ့ ငွေဇင်လှိုင်းဟာ အဆိုရှင်တစ်ဦးအဖြစ် ရပ်တည်ခွင့်ရရှိနေပြီဖြစ်ပါတယ်။ ငွေဇင်လှိုင်းက ဒီကနေ့ ကြုံတွေ့ခဲ့ရတဲ့ သူမရဲ့ အတွေ့ကြုံလေးကို ပရိသတ်ကြီးအတွက် Sharing လုပ်ပေးထားတာဖြစ်ပါတယ်။

Image may contain: 1 person, smiling, standing

Image may contain: 1 person, closeup

ငွေဇင်လှိုင်းဟာ ရန်ကုန်ကနေ မန္တလေးသို့သွားတဲ့ လေယာဉ်ကိုစီးခဲ့ပေမယ့် ရန်ကုန်ကနေ ရန်ကုန်သို့သာပြန်ရောက်ခဲ့ပြီး လေယာဉ်ပေါ်ကနေ မသေပဲ ပြန်ဆင်းလာနိုင်ခဲ့တယ်လို့ ရေးသားထားတာကြောင့် သူမရဲ့ ပရိသတ်တွေက စိတ်ပူပန်စွာနဲ့ မေးမြန်းခဲ့ကြတာဖြစ်ပါတယ်။

Image may contain: 1 person, night, sky and outdoor

Image may contain: 1 person, smiling, standing, mountain, sky, outdoor and nature

အသေအချာစစ်ဆေးမှုမပြုလုပ်ထားတဲ့ လေယာဉ်ကြောင့် လေယာဉ်ထွက်ပြီး ၁၅ မိနစ်အကြာမှာ ရန်ကုန်သို့သာ ပြန်လည်ဆင်းသက်ခဲ့ရပုံကို ယခုလိုပဲ မျှဝေထားတာဖြစ်ပါတယ်။

Image may contain: 3 people, people standing, people on stage and concert

“မနက်က ၈ နာရီ Air Than Lwin နဲ့ ရန်ကုန် မန္တလေး စီးမိပါတယ် ….. ၈ နာရီထွက်မဲ့လေယာဉ်က စက်ချို့ယွင်းပုံရပီး လေယာဉ်ပေါ် မတင်ခင် နောက်လေယာဉ်တစ်စီးကို ပြောင်းတင်လိုက်တယ် …. အဲ့လေယာဉ်ကလဲ ထွက်ဖို့အဆင်သင့်လဲမဖြစ် သေချာစစ်ဆေးမှု မလုပ်ထားတော့ လေယာဉ်တက်ပီး ၁၅ မိနစ်အကြာ ရန်ကုန်လေဆိပ်ကိုပြန်ဆင်းလာရတယ် 😰😰😰 တော်သေးကောင်းကောင်းပြန်ရောက်လို့ ကြညိ့ရတာ သက်တမ်းအတော်ကြာ မောင်းပီးပုံရတယ် အတွင်းထဲမှာလဲ ထိုင်ခုံတေကစ သပ်သပ်ရပ်ရပ်မရှိဘူးး ငွေဇင်တော့ပထမဆုံးအကြိမ်ကြုံဖူးသွားပီ 😰😰 စက်ချို့ယွင်းနေတော့ ဟိုးအမြင့်ထိလံမပျံနိုင် လယ်ကွင်းထဲပဲ ထိုးကျတော့မလို နောက်မတတ်သာမှ ရန်ကုန်ပြန်လှည့် တော်သေး သေကံတော့မပါသေးရှာ 😰😰😰 ကြုံတွေ့ရတဲ့ အတွေ့အကြုံကို ဝေမျှခြင်းသာ တစ်စုံတရာထိခိုက်စေလိုခြင်းမရှိ နောက်ဆင်ခြင်လို့ရအောင်ပါရှင့် 🙏🙏🙏…….. ဘယ်အရာမှ မပေါ့ဆမိစေဖို့ သံဝေဂရမိပါတယ် ” လို့ သူမရဲ့ အတွေ့အကြုံကို ပြောပြထားပါတယ်။

Image may contain: 1 person, smiling, standing, shoes and indoor

Image may contain: 1 person, smiling, indoor

ပရိသတ်ကြီးရေ သေကံမရောက်ခဲ့တဲ့ ငွေဇင်လှိုင်းတစ်ယောက် ဒီနေ့အတွေ့အကြုံကြောင့် အတော်ပဲ စိတ်လှုပ်ရှားသွားခဲ့တယ်လို့ ထင်ပါတယ်။ ပရိသတ်ကြီးကလည်း ငွေဇင်လှိုင်းပြောပြတဲ့ အတွေ့အကြုံလေးတွေကို သင်ခန်းစာယူပြီး သတိထား စီးနင်းကြပါနော်။

Image may contain: 1 person, bridge, shoes, outdoor and water

Writer-YS,Cele Star