စွယ်စုံရမင်းသားလို့ ချီးကျူးရလောက်အောင် ပန်းချစ်သူသီချင်းနဲ့ ရင်ထဲအေးသွားအောင် ဆိုပြနိုင်ခဲ့တဲ့ ဟိန်းဝေယံ

Last modified date

သရုပ်ဆောင် ဟိန်းဝေယံကိုတော့ သူ့ရဲ့ ပရိသတ်တွေက စွယ်စုံရမင်းသားတစ်လက်လို့တောင် ချီးကျူးနေကြပါပြီ။

Image may contain: 1 person, smiling, standing and outdoor

အနုပညာအလုပ်တွေနဲ့ အဖော်ပြုပြီးနေထိုင်လာခဲ့တဲ့ ဟိန်းဝေယံဟာ လူပျိုကြီးဆိုတဲ့ ဂုဏ်ပုဒ်ကိုတောင် ရရှိထားပါပြီ။ ကိုငယ်လို့ ချစ်စနိုးနဲ့ ပရိသတ်တွေက နာမည်ပေးထားကြတဲ့ ဟိန်းဝေယံဟာ ဗီဒီယိုခေတ်တစ်ခေတ်ရဲ့ မင်းသားတစ်လက်ဖြစ်ခဲ့ပါတယ်။ စိုးပြည့်သဇင်နဲ့တွဲဖက်ပြီး ဇာတ်ကားပေါင်းများစွာကို ပုံဖော်ဖန်တီးခဲ့သူတစ်ဦးပါ။

Image may contain: 2 people, people smiling, people sitting, shoes, tree and outdoor

Image may contain: 1 person, sitting

ယခုလည်း မင်းသမီးလေး စိုးပြည့်နဲ့အတူ ဇာတ်လမ်းတွဲတွေ ရိုက်ကူးနေတာတွေ့ရပါတယ်။ ဟိန်းဝေယံဟာ ဗီဒီယိုဇာတ်ကားတွေ များစွာရိုက်ကူးရစဉ်တည်းက အမာခံ ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိခဲ့တာဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာလည်း အပိုအလိုမရှိအောင် သရုပ်ဆောင်တတ်ရုံမက ပြေပြစ်ပြီးအပြစ်ကင်းတဲ့ မျက်နှာလေးကလည်း သူ့ကို ပိုမိုနာမည်ကြီးစေခဲ့ပါတယ်။

Image may contain: 2 people, people standing, tree, wedding, grass, outdoor and nature

Image may contain: 2 people, people sitting, tree and outdoor

ဟိန်းဝေယံကိုတော့ ပရိသတ်တွေက စွယ်စုံရမင်းသားတစ်လက်လို့ ချီးကျူးနေကြပါပြီ။ ဘာကြောင့်လဲဆိုတော့ သရုပ်ဆောင်ပိုင်းမှာတင်မကဘဲ သီချင်းဆိုတဲ့အပိုင်းမှာပါ ဟိန်းဝေယံရဲ့ အသံက သာယာနာပျော်ဖွယ်ရှိပြီး အေးမြနေလို့ပဲဖြစ်ပါတယ်။

Image may contain: 1 person, standing and sunglasses

Image may contain: 1 person, text that says 'AMAZING GRACE'

ဟိန်းဝေယံက ကေတီဗီရောက်ခိုက် သူအရမ်းကြိုက်တဲ့ ခင်မောင်တိုးရဲ့ ပန်းချစ်သူသီချင်းလေးကို သီဆိုပြခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ သီချင်းသံလေးကို နားဆင်ပြီး ပရိသတ်တွေက ချီးကျူးထောပနာပြုနေကြတာလည်းဖြစ်ပါတယ်။ စွယ်စုံရမင်းသားတစ်ယောက်လို့ တင်စားခံလိုက်ရတဲ့ ဟိန်းဝေယံရဲ့ ပန်းချစ်သူသီချင်းလေးကို နားဆင်ကြည့်ပါဦးနော်။

Writer-YS.Cele Star