တရားမရဘဲ အကုသိုလ်တွေဖြစ်ပြီး ပိုပိုဆိုးလာမှာစိုးလို့ အမုန်းခံပြီး ပြောလိုက်တဲ့ အိမ့်ချစ်

အဆိုတော် အိမ့်ချစ်က ယခုနောက်ပိုင်း ခေတ်စားပြီး လုပ်လာကြတဲ့ အဓိဌာန်ဝင်၊ ပုတီးစိတ်တာတွေနဲ့ပတ်သက်ပြီး ဆင်ခြင်စရာအချို့လေးတွေကို အမုန်းခံပြီး ရေးသားခဲ့ပါတယ်။

Image may contain: 1 person, standing and outdoor

ယခုနောက်ပိုင်းမှာတော့ အဖြူဝမ်းဆက်ဝတ်စုံတွေနဲ့ အဓိဌာန်ဝင်မှုတွေဟာ အတော်များများပြုလုပ်လာကြတာ တွေ့ရပါတယ်။အိမ့်ချစ်က  ဒီလိုပြုလုပ်လာကြတာကိုကြည့်ပြီး ကြည်နူးဝမ်းသာ ပီတိဖြစ်မိသလို သာဓုလည်း ခေါ်ဆိုမိတယ်လို့ ဆိုပါတယ်။ သို့သော်လည်း ယခုလို အဓိဌာန်ဝင်ရာမှာ ချစ်တဲ့စိတ်နဲ့ ပြုပြင်စေချင်လို့ ထားသင့်တဲ့စိတ်လေးနဲ့ ဆင်ခြင်သင့်တဲ့အချက်လေးတွေကို အိမ့်ချစ်က ယခုလို ပြောပြလာပါတယ်။

Image may contain: one or more people and outdoor

“ခုတလောမှာ လူတွေတော်တော်များများ အဓိဌာန်တွေဝင်ကြ လူစုလူဝေးတွေနဲ့ပုတီးတွေစိပ်ပဌာန်းတွေရွတ်တာတွေ့နေမြင်နေရလို့ ကြည်နူးဝမ်းသာမိသလို သာဓုခေါ်မိသလို ပြောချင်တာလေးတွေလဲရှိလာပါတယ် ချစ်တဲ့စိတ်နဲ့ပြုပြင်စေချင်လို့ ပြောတာပါ”

Image may contain: 1 person, smiling, sitting, tree, bridge and outdoor

Image may contain: 1 person, standing and outdoor

“အိမ်ကဘုရားလဲဘုရားပါပဲ ရွှေတိဂုံဘုရားလဲဘုရားပါပဲ ကျိုက်ထီးရိုးဘုရားလဲဘုရားပါပဲ ကျိုက်ငါးကျိုက်လဲဘုရားပါပဲ အိမ်ကဘုရားကတော့ဖုန်တက်နေပြီး သောက်တော်ရေမှန်မှန်မကပ် ဆွမ်းမှန်မှန်မကပ်ပဲ ပန်းမညှိုးရအောင်မထားပဲ ဟိုလူ့နောက်လိုက် အဓိဌာန်လုပ် ဒီအဖွဲ့နောက်လိုက်ပုတီးစိပ်နဲ့တော့ မဖြစ်စေချင်ဘူး စေတနာနဲ့ပြောတာပါ အိမ်ကဘုရားပဲရှိခိုးရှိခိုး ဘယ်ပုံတော်ကိုပဲရှိခိုးရှိခိုး အဓိကက ယုံကြည်မှုသဒ္ဓါကအရေးအကြီးဆုံးပါ ခလုပ်ထိမှအမိတဆိုသလို ဒုက္ခရောက်မှဘုရားရှိခိုးတာမျိုး သူများတွေကတော့အောင်မြင်နေကြပြီ ဟိုမိန်းမလိုငါလဲ အောင်မြင်အောင်ပုတီးစိပ်မယ် ဒီကောင်ငွေဝင်ကောင်းသလိုငါလဲကောင်းအောင် လုပ်ပြမယ်ဆိုတဲ့စိတ်တွေဖယ်ထားပြီး ငါ့ရဲ့အေးချမ်းရာအစစ်ကိုရှာမယ်ဆိုတဲ့ စိတ်လေးနဲ့လုပ်ကြပါလို့တိုက်တွန်းပါရစေ အဲ့အခါ ကိုယ့်သဒ္ဓါကိုယ့်ယုံကြည်မှုကဆုတောင်းစရာ မလိုပဲကို ပြန်အကျိုးပေးပါလိမ့်မယ်🙏🏼”

Image may contain: one or more people, people on stage, people standing and indoor

Image may contain: 1 person, smiling, standing and sunglasses

“ခုလိုပြောရတာကလဲ မြင်နေကြားနေရတာတွေရှိလို့ပါ ကြုံဖူးတာလဲရှိလို့ပါ ဒုက္ခရောက်ငွေကြပ်နေလို့ ဘာရွတ်ရဘာစိပ်ရမလဲတဲ့မေးတော့ ဘုရားနှုတ်တော်ထွက်ပရိတ်ပဌာန်းတွေပူဇော်ပါ ဂုဏ်တော်ပွါးပါ အကျိုးပေးပါလိမ့်မယ်လို့ကိုယ်ကတော့ပြောပြတာပါပဲ သဒ္ဒါမရှိပဲ လောဘတွေမွှန်ပြီး၃/၄ ရက်လောက်လုပ်ပြီး ဘာမှလဲမထူးပါတဲ့လေ.. ပြီးတော့ပြောသေး အိမ့်ချစ်လုပ်တာပဲပြောပါ အိမ့်ချစ်ရွတ်တာစိပ်တာပဲသိချင်တာ အိမ့်ချစ်အောင်မြင်တာတာကြည့်ပြီး လျှို့ဝှက်ချက်တော့ရှိမှာပဲအဲ့လိုလုပ်တာကိုသိချင်တာတဲ့လေ 🙄 အိမ့်ချစ်ကလေ ခုမှထပြီး ဘုန်းကြီးတွေကိုးကွယ် ခိုင်းတာလုပ်တာမဟုတ်ဘူး ဟိုးငယ်စဉ်ထဲက အမေ့ရဲ့သွန်သင်မှုကြောင့် မနက်တိုင်းမျက်နှာသစ်တော်ရေကပ် သောက်တော်ရေလဲတတ်ခဲ့တယ် ဘုရားပန်းဆိုဈေးကနေဘယ်တော့မှဈေးစစ်မဝယ်ခိုင်းပဲ အညှိုးမခံလဲတတ်စေခဲ့တယ် ဆွမ်းတော်ဆိုတာကိုဆွမ်းမရှိလဲ မုန့်ပဲရှိရှိ ကိုယ့်ရှိတာနဲ့ကပ်ရမယ်လို့ ဆုံးမသွန်သင်ပြီးကပ်စေခဲ့တယ်”

Image may contain: 2 people, people sitting

“၈တန်းကျောင်းသူအရွယ်ထဲက အဓိဌာန်ဆိုတာ ဘာကြောင့်လုပ်တာသိခဲ့ရတယ် ကိုယ့်ရဲ့လုံ့လဝရိယကိုအရင်းပြုလို့ ယုံကြည်မှုသဒ္ဒါနဲ့ လုပ်တဲ့အဓိဌာန်တွေသည် စင်စစ်မသွေကောင်းကျိုးပေးတယ် ဒုက္ခတို့မှလွတ်မြောက်တယ်ဆိုတာကိုသိခဲ့တယ် ကျောင်းသူဘဝထဲက ကြီးကိုးကြီးအဓိဌာန် ကြီးငါးကြီးအဓိဌာန် ရွှေတိဂုံကျိုက်ထီးရိုးအဓိဌာန် ပုဂံပြည့်ငါးပြည့်အဓိဌာန် ဆွယ်တော်လေးဆူအဓိဌာန် စတာတွေ သိခဲ့ဝင်ခဲ့ဖူးတယ် ခုမှထလုပ်လို့အောင်မြင်တာလဲမဟုတ်ပါဘူး ယုံကြည်မှုသဒ္ဓါကအကျိုးပေးလို့ခုလက်ရှိအချိန်မှာကောင်းကျိုးခံစားရတာပါ ဒါပေမယ့် သူများတွေလိုကျိကျိတက်ချမ်းသာ ထိပ်ဆုံးရောက် အောင်မြင်တာမျိုးမဖြစ်ပါဘူး အတိတ်ကံဆိုတာရှိသေးတာကိုးညာဏ်ချင်းတူတောင်ကံဆိုတာရှိသေးတာကိုး ဒါကိုသဘောမပေါက်ပဲ ဘယ်ဟာရွတ်မှအောင်မြင်တာ ဘာစိပ်မှပိုကောင်းတာလို့ မြတ်စွာဘုရားကမပြောခဲ့တာကို ဘာလုပ်လဲ ဘာစိပ်လဲ ဘာရွတ်လဲမေးပြီး အဲ့အတိုင်းလုပ်မယ်ဆိုတာထက် မြတ်စွာဘုရားရှင်နှုတ်တော်ထွက်ပရိတ်ပဌာန်းတွေ ဂုဏ်တော်တွေကို ဘယ်ဟာဖြစ်ဖြစ်ယုံကြည်စွာနဲ့ပဲပူဇော်ပါလို့တိုက်တွန်းပါရစေ”

Image may contain: 1 person, smiling

Image may contain: one or more people, people standing, wedding and indoor

“ဆရာတော်ဘုရားတွေကတရားပြသွန်သင်ဆုံးမပေးဖို့ပဲတတ်နိုင်ပါတယ် ဘုန်းကြီးလက်နဲ့ထိလို့ရွှေငွေဖြစ်တာမဟုတ်ပါဘူး ဆရာတော်ဘုရားတွေရဲ့လမ်းညွှန်မှုနဲ့ကိုယ်တိုင်ယုံကြည်ပြီးလုပ်မှရတာပါ”

Image may contain: 4 people, people sitting

“အဓိကပြောချင်တာက ညောင်ဆယ်ပင်စိပ်မှအကျိုးထူးတယ် ကျိုက်ငါးကျိုက်စိပ်မှအကျိုးပေးတယ်ဆိုပြီး အိမ်ကဘုရား ရပ်ကွက်ထဲကဘုရားရှေ့တော့မထိုင်တာမလုပ်ပါနဲ့လို့ သူအောင်မြင်လို့သူ့လိုလိုက်လုပ်မယ် သူငွေဝင်ကောင်းလို့ သူစိပ်တာလိုက်စိပ်မယ်လိုက်ရွတ်မယ်လို့မလုပ်ပါနဲ့ နောက်ပြီး.. ယခုဘဝမှာကောင်းကျိုးတွေခံစားရအောင်လုပ်ရင်းသံသရာလွတ်မြောက်အောင်လုပ်ဖို့လဲမမေ့ပါနဲ့လို့ ချစ်ခြင်းများစွာနဲ့ပြောပါရစေ ရယ်စရာထပ်ပြောမယ်နော်.. 😁😁😁”

Image may contain: 2 people

“အဖြူဝမ်းဆက်ဝတ်ပြီး နှုတ်ခမ်းအနီရဲရဲကြီးနဲ့ စိန်လော့ကပ်တွေစိန်နားကပ်တွေလဲပြူးနေအောင်မဝတ်ကြပါနဲ့လို့လဲပြောပါရစေ 😁 ကိုယ့်ရှိတာတွေကတခြားနေရာဝတ်ပြလို့ရပါတယ် ဘုန်းကြီးကျောင်းတွေမှာမလိုအပ်ပါဘူး အဖြူဝမ်းဆက်လေးတွေဆိုတာ တပ်မက်မှုတွေကင်းဝေးချင်အောင်ဆရာတော်တွေကဝတ်ခိုင်းတာပါ Designer တွေနဲ့အကြီးအကျယ်ချုပ်ပြီး ဘုန်းကြီးကျောင်းသွားတဲ့ဖက်ရှင်ဆိုပြီး အဖြူဝမ်းဆက်တွေလဲပြိုင်မနေကြပါနဲ့လို့ အဲ့လိုနဲ့ပဲတရားမရပဲအကုသိုလ်တွေဖြစ်နဲ့ ပိုပိုဆိုးလာကြမှာစိုးလို့ အမုန်းခံပြောလိုက်ပါတယ် 😀”

Image may contain: 2 people, indoor

“Ps: အပြစ်မြင်လို့ပြောတာမဟုတ်ပါနော် သဒ္ဓါတရားလေးတွေပါစေချင်လို့ပြောပြတာပါ 🙏🏼 Edit-ခုလိုဘာကြောင့်ပြောတာလဲဆိုတော့ ပေါ်ပင်လုပ်တဲ့သူတွေကြောင့် ကြည့်မရတဲ့သူတွေကပြောတဲ့အခါ တကယ်အဓိဌာန်လုပ်နေကြတဲ့ သူတွေ
ဘသာသာရေးတကယ်လုပ်တဲ့သူတွေပါသိမ်းကျုံး ပြောခံနေရလို့ပါ ✌🏼”

Image may contain: 2 people, people smiling, indoor

အဆိုတော် အိမ့်ချစ်ပြောပြတဲ့ အချက်လေးတွေကို ပရိသတ်ကြီးလည်း ဘယ်လိုသဘောရသလဲဆိုတာ မျှဝေပေးသွားခဲ့ပါဦးနော်။

Image may contain: 7 people, people smiling, people sitting and indoor

Writer-YS,Cele Star