အဘွားဖြစ်သူရဲ့ နောက်ဆုံးအချိန်ကို ဗီဒီယိုကောလ်နဲ့သာ နှုတ်ဆက်ခွင့်ရခဲ့ရှာတဲ့ တန်ခွန်ကျော်

မြန်မာအိုင်ဒေါရဲ့ ပြိုင်ပွဲဝင်လေးတစ်ဦးဖြစ်သူ တန်ခွန်ကျော်က အချစ်ရဆုံး အဘွားဆုံးပါးသွားခဲ့လို့ ဝမ်းနည်းပူဆွေးနေပါတယ်။

Image may contain: 1 person

အဆိုးဆုံးကတော့ အဘွားရဲ့နောက်ဆုံးအချိန်မှာ အနားမှာ ရှိမနေနိုင်ခဲ့တာပဲဖြစ်ပါတယ်။ မြန်မာအိုင်ဒေါ Season-4 ရဲ့ ပြိုင်ပွဲဝင်တစ်ဦးဖြစ်ခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုရရှိခဲ့တဲ့ နာဂတိုင်းရင်းသားလေး တန်ခွန်ကျော်ဟာ Wild Card Winner တစ်ဦးလည်းဖြစ်ခဲ့ပါတယ်။ မကြာသေးခင်ကပဲ သူ့ရဲ့ ပရိသတ်တွေ စုပေါင်းပြီး သိန်း ၃၈၅ သိန်းတန် Lexus ကားတစ်စီးကို ဝယ်ပေးခဲ့ကြပါသေးတယ်။

Image may contain: 2 people, selfie and closeup

Image may contain: one or more people

Image may contain: 1 person, child and outdoor

အနုပညာအလုပ်တွေနဲ့ ရပ်တည်လာခဲ့တဲ့ တန်ခွန်ကျော်ဟာ သူရှာသမျှ ငွေတွေကို အဘွားဖြစ်သူ ခံစားခွင့်မရသွားခဲ့လို့ အင်မတန်စိတ်ထိခိုက်ဝမ်းနည်းခဲ့ပါတယ်။ တန်ခွန်ကျော်ဟာ လက်ရှိမှာ ဖားကန့်မြို့ကို ဖျော်ဖြေပွဲတစ်ခုအတွက် ရောက်ရှိနေတာဖြစ်ပြီးတော့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာဆုံးသွားတဲ့ အဘွားဖြစ်သူရဲ့ နောက်ဆုံးအချိန်မှာ အတူရှိနေခွင့်မရခဲ့ပါဘူး။

Image may contain: 2 people, closeup

Image may contain: 1 person, sitting, closeup and outdoor

Image may contain: 1 person, standing

အဘွားရဲ့ နောက်ဆုံးအချိန်ကို တန်ခွန်ကျော်တစ်ယောက် Video Call ဖြင့်သာ နှုတ်ဆက်ခွင့်ရခဲ့ရှာပါတယ်။ တန်ခွန်ကျော်ဟာ သူရှာနေသမျှ ငွေကြေးတွေအကုန်လုံးက အဘွားအိမ်လေးကောင်းကောင်းနဲ့ နေဖို့အတွက်ဆိုပြီး ရည်ရွယ်ခဲ့ပေမယ့် အဘွားကတော့ သူချစ်တဲ့ မြေးလေးကို စွန့်ခွာနှုတ်ဆက်သွားခဲ့ပါပြီ။

Image may contain: 2 people, phone and closeup

Image may contain: 1 person, closeup

“ငယ်ငယ်ကတည်းက အဖွားပြောပြတဲ့ ပုံ​ပြင်နားထောင်ပြီး အဖွားလက်ပေါ် အိပ်လာခဲ့တယ် အဖွားရဲ့လက်ပေါ်ကြီးပြင်းလာခဲ့တယ် အမေက ဒုတ်နဲ့ရိုက်ရင်တောင် ရှေ့ကနေလိုက်ကာပေးတယ် ကျွန်တော့ ကိုရိုက်တာ အဖွားမကြိုက်ဘူး 😰😰အဗီးရေ သားဘယ်လိုဖြေရမလဲ #ဟိုတခေါက်အိမ်ပြန်တဲ့အခါအဖွားနဲ့နောက်ဆုံးဆုံရတယ်ဆိုတာကြိုသိခဲ့ရင်😰 #2020Feb17😰” လို့ စိတ်မကောင်းစွာနဲ့ ရင်ဖွင့်ရေးသားထားတာဖြစ်ပါတယ်။

Image may contain: 2 people, closeup

Image may contain: 1 person, stripes, closeup and outdoor

ပရိသတ်ကြီးကလည်း တန်ခွန်ကျော်ရဲ့ ဆုံးရှုံးမှုကို ထပ်တူခံစားရမယ်ထင်ပါတယ်နော်။ အင်မတန်ချစ်ရတဲ့ အဘွားမရှိတော့ပေမယ့် တန်ခွန်ကျော်ရဲ့ ပရိသတ်တွေက တန်ခွန်ကျော်ကို ဒီထက်ပိုပြီးအားပေးကြပါဦးနော်။

Image may contain: one or more people, people sitting and indoor

Image may contain: 1 person, outdoor

Writer-YS,Cele Star