ခေတ်နဲ့သစ်ကိုတွေ့ပြီး ကိုယ်ပိုင်မိသားစုဘဝလေးကို ပိုင်ဆိုင်ချင်သွားတဲ့ နေခြည်ဦး

ချီချီကတော့ သရုပ်ဆောင် ချစ်သုဝေရဲ့ အမြွှာသမီးလေးတွေဖြစ်တဲ့ ခေတ်နဲ့သစ်ကိုတွေ့ပြီး သူမရဲ့ ကိုယ်ပိုင် မိသားစုဘဝလေးကို ပိုင်ဆိုင်ချင်သွားပြီလို့ဆိုပါတယ်။

အပျိုကြီးဘဝနဲ့ အနုပညာအလုပ်တွေကိုလုပ်ကိုင်နေတဲ့ ချီချီလို့ ချစ်စနိုးနဲ့ခေါ်ဝေါ်နေကြတဲ့ နေခြည်ဦးက သူမရဲ့ အမာခံပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက်ပိုင်ဆိုင်ရရှိထားတာပါ။ Beauty Blogger အဖြစ် ကနေ အနုပညာလောကထဲကိုဝင်ရောက်လာတာကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုတွေက ပိုမိုများပြားလာခဲ့ပါတယ်။ ပွင့်လင်းရိုးသားတဲ့ သူမရဲ့ နေထိုင်မှုဘဝစတိုင်ကလည်း သူမရဲ့ Fan တွေကို ပိုမိုနှစ်သက်စေတာပါ။

နေခြည်ဦးဟာ Beauty Blogger မှ ကြော်ငြာများကိုရိုက်ကူးလာရပြီး ထိုမှတဆင့် ရုပ်ရှင်လောကထဲကိုပါ ခြေဆန့်လာခဲ့သူပါ။ ယခုဆိုရင်တော့ သူမပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားအချို့ကို ပရိသတ်တွေ ကြည့်ဖူးလောက်ကြပြီလို့ထင်ပါတယ်။

အချစ်ရေးနဲ့ပတ်သက်လာရင်လည်း ပွင့်လင်းမြင်သာစွာချပြတတ်တဲ့ ချီချီဟာ လက်တလောမှာ  Single အဖြစ်ရပ်တည်နေတာဖြစ်ပါတယ်။ ဒီကနေ့ ပြုလုပ်တဲ့ ခေတ်သစ်ဖောင်ဒေးရှင်းရဲ့ နှစ်ပတ်လည်ပွဲမှာနေခြည်ဦးက သူမ Fan တွေနဲ့အတူ ဖောင်ဒေးရှင်းကို ငွေကျပ် သိန်း ၅၀ လှူဒါန်းခဲ့ပါတယ်။

ချစ်စရာကောင်းတဲ့ ခေတ်နဲ့သစ်ကိုလည်း တွေ့လိုက်ရတာကြောင့် သူမရဲ့ ကိုယ်ပိုင်မိသားစုဘဝလေးကို ပိုင်ဆိုင်ချင်စိတ်တွေပေါ်လာခဲ့မိတဲ့အကြောင်း ပြောပြလာပါသေးတယ်။

ပရိသတ်တွေ ချစ်တဲ့ နေခြည်ဦး သူမမျှော်မှန်းထားသလို ချစ်စရာကောင်းတဲ့မိသားစုဘဝလေးကို အမြန် ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်နော်။

Writer-YS,Cele Star