ဗယ်လင်တိုင်းအကြိုတွေ့ခဲ့ကြတဲ့ နန်းမြတ်ဖြိုးသင်း သားလေး ဂျက်ဂျက်နဲ့ စန္ဒီမြင့်လွင်ရဲ့ သမီးလေး Treasure လွင်

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းရဲ့ တစ်ဦးတည်းသော သားလေး ဂျက်ဂျက်နဲ့ စန္ဒီမြင့်လွင်ရဲ့ သမီးလေး ထရက်ရှာလွင်တို့က ချစ်သူများနေ့ အကြို တွေ့ခဲ့ကြတယ်လို့ မေမေ စန္ဒီမြင့်လွင်က ရွှတ်နောက်နောက်ရေးသားထားပါတယ်။

Image may contain: 4 people, people standing, shoes and indoor

Image may contain: 4 people, people standing and indoor

Image may contain: one or more people and people standing

ဂျက်ဂျက်နဲ့ ထရက်ရှာလွင်တို့ နှစ်ဦးလုံးဟာ တစ်ချိန်မှာ အနုပညာမျိုးဆက်သစ်လေးတွေဖြစ်လာမယ့် သူတွေဖြစ်ကြပါတယ်။ မိခင်ဖြစ်သူတွေဟာ အနုပညာလောကနဲ့ ဂီတလောကမှာ အောင်မြင်ကျော်ကြားသူတွေဖြစ်ကြတာကြောင့် သားသမီးတွေဟာလည်း အနုပညာသွေးအပြည့်ပါလာမယ်ဆိုတာတော့ တွေးကြည့်ရုံနဲ့ သိနိုင်ပါတယ်။

Image may contain: 2 people, indoor

Image may contain: one or more people

တစ်ဦးတည်းသော သားသား၊ မီးမီးလေးတွေကို ပိုင်ဆိုင်ထားကြတဲ့ နန်းမြတ်ဖြိုးသင်းနဲ့ စန္ဒီမြင့်လွင်တို့ဟာ မိခင်မေတ္တာအပြည့်အဝနဲ့ သည်းသည်းလှုပ်ချစ်မြတ်နိုးနေကြတာပါ။ သူတို့လေးတွေဟာ ငယ်ရွယ်ပေမယ့် ချစ်စရာကောင်းလွန်းတာကြောင့် ငယ်စဉ်တည်းကပင် ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း ရရှိနေကြတာဖြစ်ပါတယ်။

Image may contain: 2 people

Image may contain: 2 people, baby

စန္ဒီမြင့်လွင်က မကြာခင်မှာကျရောက်လာတော့မယ့် ချစ်သူများနေ့ မတိုင်ခင်မှာ သားလေး ဂျက်ဂျက်နဲ့အတူ သမီးလေး ထရက်ရှာလွင်ကို ပေးတွေ့ခဲ့တယ်လို့ စနောက်ပြီး ချစ်စဖွယ်လေးရေးသားထားတာပါ။

Image may contain: 2 people, people sitting and baby

Image may contain: 2 people, people sitting and baby

Image may contain: 2 people, people sitting and baby

ချစ်စရာကောင်းတဲ့ ကလေးလေး နှစ်ယောက်ရဲ့ တွေ့ဆုံမှုလေးကိုလည်း ပရိသတ်ကြီးအတွက် မျှဝေပေးထားတာကြောင့် အခုပဲ ဖော်ပြပေးလိုက်ပါတယ်နော်။

Image may contain: 2 people, people sitting and baby

Image may contain: 2 people, people sitting and baby

Image may contain: 3 people, people sitting and baby

Writer-YS,Cele Star

x