ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးကို နေ့ဆွမ်းနဲ့ လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့တဲ့ စံရတီမိုးမြင့်

သရုပ်ဆောင် စံရတီမိုးမြင့်က ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးကို နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခွင့်ရရှိခဲ့ပါတယ်။

Image may contain: 1 person, smiling, closeup

စိတ်ထားလေးနူးညံ့ပြီး ကိုယ်ချင်းစာတရားအပြည့်ရှိတဲ့ မင်းသမီးလေးလို့ ပရိသတ်တွေက သတ်မှတ်ထားတဲ့ စံရတီမိုးမြင့်ဟာ တိရိစ္ဆာန်လေးတွေအပေါ်မှာလည်း အကြင်နာတရားရှိသူပါ။ သူ့ကိုချစ်တဲ့ ပရိသတ်တွေအတွက် သူချစ်တဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်ပြီး ရပ်တည်နေသူတစ်ဦးလည်းဖြစ်ပါတယ်။

Image may contain: 1 person, sitting and indoor

Image may contain: 1 person, indoor

Image may contain: 1 person, sitting, child, shoes and indoor

စံရတီမိုးမြင့်ဟာ မကြာခဏပြုလုပ်တဲ့ တရားပွဲတွေမှာလည်း လာရောက်တရားနာယူတာတွေ့ရပါတယ်။ ဘာသာတရားနဲ့ပတ်သက်လာရင် ကိုင်းရှိုင်းရိုသေတတ်တဲ့ စံရတီမိုးမြင့်က ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးကို နေ့ဆွမ်းနဲ့ လှူဖွယ်ဝတ္ထုတွေဆပ်ကပ်ခွင့်ရခဲ့လို့ ပီတိတွေဖြစ်နေခဲ့တာပါ။

Image may contain: 2 people, people sitting and indoor

Image may contain: 1 person, sitting, shoes and indoor

Image may contain: 6 people, people smiling, people sitting and indoor

“ပါမောက္ခချုပ် ဆရာတော်ဘုရားကြီးအား နေ့ဆွမ်းနဲ့ လှုဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ပါတယ်. မြင်သောသူ ကြားသောသူများအားလုံးကုသိုလ်ထပ်တူထပ်မျှရကြပါစေ… ဤကောင်းမှုသည် နိဗ္ဗာန်ချမ်းသာရောက်ရာရောက်ကြောင်းအတွက် အထောက်အပံ့ဖြစ်ပါစေ🙏🙏🙏” လို့ သူမရဲ့ ကုသိုလ်ကိုလည်း အားလုံးရရှိအောင် မျှဝေပေးထားပါတယ်။

Image may contain: 1 person, table, food and indoor

Image may contain: food

Image may contain: 6 people, people sitting

ဒီကနေ့ ပြုခဲ့တဲ့ ကုသိုလ်အစုစုကြောင့် သူမလျှောက်လှမ်းနေတဲ့ အနုပညာလမ်းတစ်လျှောက်မှာ အောင်မြင်မှုအပေါင်းသရဖူဆောင်းနိုင်ပြီးတော့ နောက်နောင်တွေမှာလည်း ဒီထက်ပိုမိုလှူဒါန်းခွင့်ရရှိနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်။

Image may contain: 5 people, people standing, wedding, suit and indoor

Image may contain: 3 people, wedding and indoor

Image may contain: 6 people, people smiling, people standing and indoor

Image may contain: 8 people, people smiling, people standing and indoor

Writer-YS,Cele Star

x