Valentine’s Day မရောက်ခင်မှာပဲ နှင်းဆီပန်းတွေ လက်ဆောင်ရခဲ့တဲ့ နေခြည်ဦး

Beauty Blogger အဖြစ်ကနေ သရုပ်ဆောင် အဖြစ် ခြေလှမ်းသွက်သွက်တွေနဲ့ လှမ်းလာနိုင်ခဲ့တဲ့ နေခြည်ဦးက သူမရဲ့ Lifestyle တွေကို ပွင့်လင်းမြင်သာစွာ ချပြတတ်သူတစ်ဦးပါ။

Image may contain: 1 person, closeup

Image may contain: 1 person

မကြာသေးခင်ကမှ သူမရင်သားခွဲစိတ်မှုမှတ်တမ်းအခြေအနေကိုလည်း ပရိသတ်တွေ သိရှိနိုင်အောင် Vlog လေးတစ်ခုနဲ့ မျှဝေပေးထားတာတွေ့ရပါတယ်။ နေခြည်ဦးရဲ့ ထူးခြားချက်က သူမကိုယ်သူမ တစ်နှစ်နဲ့တစ်နှစ်မတူအောင် ခန္ဓာကိုယ်အရရော စိတ်အရပါ ပြောင်းလဲမှုတွေတစ်ခုပြီးတစ်ခု ပြုလုပ်နေလေ့ရှိတာပါ။

Image may contain: 2 people, people smiling, people sitting

Image may contain: 1 person, closeup

သူမရဲ့ပြောင်းလဲမှုတိုင်းကိုလည်း ပရိသတ်တွေကို အသိပေးရုံသာမက သူမလိုပဲ ပြောင်းလဲချင်သူတွေအတွက် တစ်ဖက်တစ်လှမ်းကနေ အထောက်အကူဖြစ်အောင် အတွေ့အကြုံတွေကို Sharing လုပ်လေ့ရှိပါတယ်။ နေခြည်ဦးဟာ မြန်မာနိုင်ငံက မိန်းကလေးပရိသတ်အတော်များများရဲ့ အမာခံအားပေးမှုကို ပိုင်ဆိုင်ထားရုံသာမက သူမရဲ့ Fan တွေအပေါ်မှာလည်း တလေးတစားနဲ့ အလေးထားဆက်ဆံတတ်သူဖြစ်ပါတယ်။

Image may contain: 1 person, smiling, indoor

Image may contain: 1 person, indoor

မကြာခင်မှာ ကျရောက်လာတော့မှာ ချစ်သူများနေ့အတွက် နေခြည်ဦးက ကြိုပြီး နှင်းဆီပန်းတွေလက်ဆောင်ရခဲ့ပါတယ်။ ဒီနှင်းဆီပန်းတွေကိုတော့ သူမဟာ ယောက်ကျားလေးတစ်ယောက်ဆီက ရတာမဟုတ်ဘဲ မိန်းကလေးတစ်ယောက်ဆီက လက်ဆောင်ရခဲ့တာဖြစ်တယ်လို့သိရပါတယ်။ သူမရဲ့ အချစ်ဆုံးသူငယ်ချင်း BFF ဆီကနေ နှင်းဆီပန်းလေးတွေကို လက်ဆောင်ရခဲ့တာကြောင့် သူမလိုပဲ မိန်းကလေးအချင်းချင်း ပေးတဲ့ နှင်းဆီပန်းလေးတွေ လက်ဆောင်ရဖူးလားလို့ မေးခွန်းထုတ်ထားတာလည်းဖြစ်ပါတယ်။

Image may contain: 1 person, flower

Image may contain: 2 people, indoor

ကဲ…ပရိသတ်ကြီးရေ….နေခြည်ဦးလို ကိုယ့်ရဲ့ BFF ကပေးတဲ့ လက်ဆောင်လေးတွေ ရဖူးကြလားနော် ဖြေခဲ့ပါဦး။

Writer-YS.Cele Star

x