အနယ်နယ်အရပ်ရပ်က လာရောက်တဲ့ အဘရဲ့သားသမီးတွေကို ရွှေတောင်ခေါက်ဆွဲနဲ့ အာဟာရဒါနပြုခဲ့တဲ့ လင်းဇာနည်ဇော်တို့ မိသားစု

သရုပ်ဆောင် လင်းဇာနည်ဇော်တို့သားအမိ နဲ့ အစ်မဖြစ်သူ ချစ်ချစ်ဇော်တို့ မိသားစုကတော့ အနယ်နယ်အရပ်ရပ်က လာရောက်ပြီး ရှိခိုးကြတဲ့ အဘရဲ့သားသမီးတွေကို ရွှေတောင်ခေါက်ဆွဲနဲ့ အာဟာရဒါနပြုခဲ့ပါတယ်။

Image may contain: 3 people, people sitting and indoor

Image may contain: 3 people, people smiling, people sitting

Image may contain: 2 people, people smiling, people standing and outdoor

တစ်မိသားစုလုံး အနုပညာမျိုးရိုးတွေဖြစ်တဲ့အလျှောက် သမီးဖြစ်သူ မြူလင်းကိုကိုကလည်း အနုပညာအလုပ်တွေလုပ်ကိုင်ဖို့အတွက် မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။ လင်းဇာနည်ဇော်ဟာ သြစတြေးလျနိုင်ငံကိုသွားရောက်ပညာသင်ကြားနေတဲ့ သမီးဖြစ်သူကို မြန်မာနိုင်ငံကနေ ရက်တွေတွက်ပြီး လွမ်းဆွတ်နေရတဲ့ မိခင်တစ်ယောက်ပါ။

Image may contain: 2 people, people smiling, people sitting, living room, table and indoor

Image may contain: 2 people, people smiling, people standing and outdoor

အမေတစ်ခု သမီးတစ်ခုဖြစ်နေတဲ့ဘဝမှာ သမီးလေးတစ်ယောက်တည်းကိုပဲ အဖော်လုပ်ပြီး နေနေရတဲ့ လင်းဇာနည်ဇော်ကို သမီးဖြစ်သူ မြူလင်းကိုကိုကလည်း အသက်တမျှ ချစ်မြတ်နိုးရိုသေတာတွေ့ရပါတယ်။

Image may contain: 2 people, people smiling, people sitting, living room, table and indoor

Image may contain: 2 people, people smiling, people sitting, living room, table and indoor

ယနေ့ နံနက်ပိုင်းက ဝေဇယန္တာလမ်းမကြီးပေါ်မှာရှိတဲ့ အဘအောင်မင်းခေါင်ရဲ့ အောင်ဓာတ်ခန်းကြီးမှာ ယောက်ကော်ဆရာလေးဦးဆောင်ပြီး ပြုလုပ်တဲ့ အနယ်နယ်အရပ်ရပ်မှ သားတပည့်များက အတူတကွ ဘုရားရှိခိုး၊ မေတ္တာပို့ အမျှဝေခြင်းတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ လင်းဇာနည်ဇော်တို့မိသားစုက အနယ်နယ်အရပ်ရပ်က လာရောက်ကြတဲ့ အဘရဲ့သားသမီးတွေအတွက် ရွှေတောင်ခေါက်ဆွဲနဲ့ နံနက်စာ အာဟာရဒါနပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

Image may contain: 3 people, people smiling, indoor

Image may contain: 7 people, people smiling, people standing

သမီးလေးနဲ့အတူ အလှူအတန်းတွေပြုလုပ်နေကြတဲ့ ပုံရိပ်လေးတွေကိုလည်း လင်းဇာနည်ဇော်က မျှဝေထားပါသေးတယ်။ လင်းဇာနည်ဇော်တို့မိသားစု အလှူရေစက်လက်နဲ့မကွာ လှူတန်းမှုတွေကြောင့် ဖန်တီးတဲ့အနုပညာလုပ်ငန်းတွေ ဒီထက်မကအောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်။

Image may contain: one or more people and people standing

Image may contain: 6 people, people sitting

Writer-YS,Cele Star

 

 

x