မြန်မာ့ရိုးရာဓလေ့ ထမနဲထိုးပွဲကို အားမာန်အပြည့်နဲ့ ပါဝင်ဆင်နွှဲခဲ့တဲ့ Sinon

ဖိလစ်ပိုင် Catwalk မော်ဒယ် Sinon က မြန်မာ့ရိုးရာဓလေ့ ထုံးတမ်းစဉ်လာဖြစ်တဲ့ ထမနဲထိုးပွဲကို အပြိုင်ဆင်နွှဲခဲ့ပါတယ်။

Image may contain: 1 person, standing and shoes

Image may contain: 2 people, people standing, child and indoor

မြန်မာနိုင်ငံက သဘာဝအလှတွေကို ထုတ်ဖော်ပေးတတ်လေ့ရှိပြီး မြန်မာနိုင်ငံကိုလည်းချစ်မြတ်နိုးတဲ့ Sinon က မြန်မာနိုင်ငံမှာ Fan ပေါင်းမြောက်မြားစွာကို ရရှိထားသူပါ။ မြန်မာနိုင်ငံရဲ့ သဘာဝလှပမှုတရားတွေကို သူ့ထဲမှာရှိတဲ့ နိုင်ငံတကာက ပရိသတ်တွေသိအောင် မိတ်ဆက်ပြောပြပေးတတ်တာကြောင့် မြန်မာပရိသတ်တွေက Sinon ကိုပါ တန်ဖိုးထားကြတာပါ။

Image may contain: 2 people, people standing and outdoor

Image may contain: 2 people, people standing, outdoor and food

Sinon ဟာ မြန်မာ့ပတ်ဝန်းကျင်လှပမှုအတွက်လည်း ထိန်းသိမ်းစောင့်ရှောက်ဖို့ သူကိုယ်တိုင်လှုံ့ဆော်တဲ့သူအဖြစ် ရပ်တည်နေထိုင်ပါတယ်။ ငယ်စဉ်တည်းက မိဘမဲ့တစ်ယောက်အဖြစ် ခက်ခဲစွာကြီးပြင်းရှင်သန်လာရသူဖြစ်တာကြောင့် မြန်မာနိုင်ငံမှာ အကူအညီလိုအပ်နေတဲ့ ချို့တဲ့နေသူတွေကို တွေ့ရှိရင်လည်း အမြဲကူညီပေးဖို့ ကြိုးစားတဲ့ Sinon ရဲ့စိတ်ဓာတ်လေးကြောင့် Sinon ကို ကလေးကအစ လူကြီးအထိ ချစ်ခင်အားပေးကြတာပါ။

Image may contain: 3 people, food

Image may contain: 6 people, outdoor

Image may contain: food

တပို့တွဲလရဲ့ ထမနဲထိုးပြိုင်ပွဲဟာ မြန်မာတွေရဲ့ချစ်စရာကောင်းတဲ့ ဓလေ့ထုံးတမ်းစဉ်လာလေးတစ်ခုဖြစ်ပါတယ်။ ဒီလလေးမှာ အနယ်နယ်အရပ်ရပ်ကရှိကြတဲ့ ကျောင်း၊ ဌာနဆိုင်ရာ လူမှုအဖွဲ့အစည်းတော်တော်များများက ထမနဲထိုးပြိုင်ပွဲတွေကျင်းပပြုလုပ်ကြတာပါ။ ဒီဓလေ့ထုံးတမ်းစဉ်လာလေးကို Sinon တစ်ယောက်လေ့လာခွင့်ရရှိခဲ့ပြီး သူကိုယ်တိုင် အားကြိုးမာန်တက်နဲ့ ထမနဲထိုးကူခဲ့တာကိုတွေ့ရပါတယ်။

Image may contain: 2 people, people standing, outdoor and food

Image may contain: 3 people

မြန်မာ့ရိုးရာတွေကို မြန်မာတွေနဲ့ထပ်တူ တန်ဖိုးထား မြတ်နိုးပေးတတ်တဲ့ Sinon ရဲ့ အားမာန်အပြည့်နဲ့ ထမနဲထိုးပုံရိပ်တွေကို ပရိသတ်အတွက် ဖော်ပြပေးလိုက်ပါတယ်။

Image may contain: 1 person, food

Writer-YS,Cele Star

x