ဇနီးမောင်နှံ နှစ်ယောက်လုံး မျက်လုံးတွေတူနေရတဲ့အကြောင်းရင်းကို ပြောပြလာတဲ့ ရွှေထူး

ဂီတလောကက အဆိုရှင်နဲ့ အနုပညာနယ်ပယ်က သရုပ်ဆောင် မင်းသမီးလေးတို့ ပေါင်းဖက်ကြတဲ့ အချစ်ဇာတ်လမ်းတွေထဲမှာ ရွှေထူးနဲ့ ရွှေမှုံရတီတို့လည်း အပါအဝင်ပါ။

Image may contain: 2 people, people standing

Image may contain: 2 people, people smiling, people standing

ရွှေထူးနဲ့ ရွှေမှုံရတီတို့ဟာ အသက်အရွယ်အရ အလွန်ငယ်ရွယ်သေးပေမယ့် အနုပညာလောကထဲမှာတော့ လျှမ်းလျှမ်းတောက် အောင်မြင်နေကြပြီဖြစ်တဲ့ အနုပညာရှင်တွေဖြစ်ပါတယ်။ နှစ်ဦးလုံးဟာ အဆိုနဲ့ သရုပ်ဆောင်ပိုင်းကိုပါ ကျွမ်းကျင်ကြသူတွေဖြစ်တာတွေ့ရပါတယ်။ ရွှေထူးရဲ့ ဒုတိယဇာတ်ကားဖြစ်တဲ့ ဧည့်သည်ဇာတ်ကားမှာ ရွှေမှုံရတီနဲ့ ပထမဆုံး ဆုံတွေ့ခဲ့ကြတာဖြစ်ပါတယ်။

Image may contain: 2 people, people smiling, selfie and closeup

Image may contain: 2 people, people sitting and sunglasses

အိမ်ထောင်ပြုပြီးသွားတဲ့နောက်မှာတော့ ရွှေထူးရေးပေးထားတဲ့ သီချင်းနဲ့ ရွှေမှုံရတီက ဂီတလောကမှာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပြန်ပါတယ်။ ရိုလို့ ချစ်ကြတာမဟုတ်ဘဲ ချစ်လွန်းလို့ ရိုကြသူတွေထဲမှာ ရွှေနှစ်ရွှေဇနီးမောင်နှံလည်း ပါဝင်ခဲ့ပါတယ်

Image may contain: 2 people, people smiling, people sitting, child and closeup

Image may contain: 2 people, people smiling, people standing and outdoor

ချစ်သူ ရည်းစားတွေ သို့မဟုတ် ဇနီးမောင်နှံတွေဟာ တွဲလာတဲ့အချိန်ကြာလာတာနဲ့အမျှ ရုပ်ရည်ချင်းဆင်တူလာတတ်ကြပါတယ်။ ရွှေမှုံရတီတို့ ဇနီးမောင်နှံကလည်း သူတို့ မျက်လုံးလေးတွေ ဆင်တူလာကြောင်းကို ပုံတင်ပြီးတော့ သက်သေပြခဲ့ပါတယ်။

Image may contain: 2 people, people smiling, closeup

ရွှေထူးက ဘာကြောင့်မို့ သူတို့နှစ်ယောက် မျက်လုံးချင်းဆင်တူနေရတာလဲဆိုတဲ့အကြောင်းပြချက်ကို ပြောပြခဲ့ပါတယ်။ ရွှေထူးပြောလိုက်တဲ့စကားလေးကတော့ သူတို့ဟာ နှလုံးသားချင်းလည်း တူညီကြလို့ မျက်လုံးချင်း ဆင်တူကြတာဖြစ်တယ်လို့ ပြောလိုက်တာပါ တစ်ဆက်တည်းမှာပဲ မိန်းမဖြစ်သူကိုလည်း ချစ်တယ်လို့ ပြောခဲ့ပါတယ်။

Image may contain: 2 people, hat

Image may contain: 2 people, people smiling, people standing

ကဲ…ပရိသတ်ကြီးရေ ရွှေထူးပြောပြတဲ့ အရာလေးကိုရော လက်ခံကြလား ဖြေပေးခဲ့ကြည့်ပါဦးနော်။

Image may contain: 2 people, people smiling, selfie and closeup

Writer-YS,Cele Star

x