ဂျပန်ထုတ်လုပ်သူက ကြိုက်လွန်းလို့ ဓာတ်ပုံရိုက်ယူသွားခဲ့ရတဲ့ ကျော်သူရဲ့ ဂျပန် တက်တူး

ကျော်သူကတော့ ဂျပန်ထုတ်လုပ်သူနဲ့ တွေ့ဆုံဆွေးနွေးနေတဲ့အခိုက်အတန့်မှာ ထုတ်လုပ်သူကိုယ်တိုင်က ကြိုက်လွန်းလို့ သူ့ရဲ့ တက်တူးလေးကို ဓာတ်ပုံရိုက်ယူသွားခဲ့တယ်လို့ဆိုပါတယ်။

Image may contain: 2 people, people sitting and indoor

Image may contain: 3 people, people sitting

တစ်ခေတ်တစ်ခါက မှတ်တိုင်တစ်ခုစိုက်တည်လို့ရအောင် အောင်မြင်ကျော်ကြားခဲ့တဲ့ သရုပ်ဆောင် မင်းသား ကျော်သူက ပရဟိတမင်းသားတစ်ဦးလည်းဖြစ်ပါတယ်။ နာရေးကူညီမှုအသင်းကြီးကို တည်ထောင်ထားပြီးတော့ ဥက္ကဌတစ်ဦးဖြစ်တဲ့ ကျော်သူဟာ လွန်ခဲ့တဲ့ နှစ်အတော်များများမှာ မေတ္တာတရားဖြင့် အလောင်းသယ်တဲ့ အလုပ်ကို တစိုက်မတ်မတ်လုပ်လာခဲ့တာဖြစ်ပါတယ်။

Image may contain: 1 person, sitting

Image may contain: 4 people, people sitting, table and indoor

ဦးကျော်သူဆီကို ဂျပန်ကထုတ်လုတ်သူတစ်ဦးက လာရောက် တွေ့ဆုံပြီး မြန်မာ့လက်ဝှေ့ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ထိုဇာတ်ကားအတွက် တွေ့ဆုံဆွေးနွေးနေစဉ်မှုပြုလုပ်နေစဉ်မှာပဲ သူ့ရဲ့ လက်မှာထိုးထားတဲ့ ဂျပန်တက်တူးကို ကြိုက်လို့ ဝမ်းသာအားရနဲ့ ဓါတ်ပုံရိုက်ယူသွားခဲ့တယ်လို့ ကျော်သူက ဆိုပါတယ်။

Image may contain: 3 people, people sitting

“ဂျပန်ထုတ်လုပ်သူ Hidekl Matsushita တို့အဖွဲ့မှ မြန်မာ့လက်ဝှေ့ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးရန်အတွက်လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။ သရုပ်ဆောင်ရွေးချယ်မှုအား ပထမခြေလှမ်းအဖြစ် မကြာမီစတင်ဆောင်ရွက်ကြမည်ဖြစ်ကြောင်းသတင်းပါးအပ်ပါသည်။ ဆွေးနွေးမှုပြုစဉ် ကျွန်တော်၏လက်တွင်ထိုးထားသည့် Japan Tattoo အားမြင်တွေ့သွားပြီး ၀မ်းသာအားရဓါတ်ပုံရိုက်ယူသွားပါသည်။”

Image may contain: 1 person, sitting

Image may contain: 1 person, sitting and indoor

ကျော်သူက ဂျပန်ထုတ်လုပ်သူနဲ့ ရိုက်ကူးမယ့် မြန်မာ့ရိုးရာ လက်ဝှေ့ရုပ်ရှင်ဇာတ်ကားကြီးအတွက် သရုပ်ဆောင်အသစ်တွေကို မကြာမီခေါ်ယူသွားမယ်လို့ သိရပါတယ်။

Image may contain: 1 person, sitting and indoor

Writer-YS,Cele Star

x