တနေ့တာ ပင်ပန်းမှုတွေကို အမောပြေစေနိုင်တာလေး ကြည့်ပြီးမှ အိပ်တယ်ဆိုတဲ့ ပုလဲဝင်း

သရုပ်ဆောင် ပုလဲဝင်းက တစ်နေ့တာ သူမရဲ့ပင်ပန်းမှုတွေကို အမောပြေ၊ အပန်းပြေစေနိုင်တာလေးကြည့်ပြီးမှ အိပ်ဖြစ်တယ်လို့ ဆိုပါတယ်။

Image may contain: 1 person, smiling, flower and indoor

အနုပညာအလုပ်တွေကို လုံးဝရပ်နားသွားခဲ့ပြီဖြစ်တဲ့ ပုလဲဝင်းက တချိန်တုန်းက ကြော်ငြာတွေနဲ့ ဗီဒီယိုဇာတ်ကားတွေမှာ နေရာယူခဲ့သူတစ်ဦးပါ။ လက်ရှိမှာတော့ အနုပညာအလုပ်တွေနဲ့ ဝေးကွာသွားခဲ့ပြီး စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်နေတာတွေ့ရပါတယ်။

Image may contain: 1 person, smiling, standing and flower

Image may contain: 1 person, smiling, standing, flower, plant, tree, sky, outdoor and nature

မြန်မာပြည်က ပရိသတ်တွေကြားမှာ နာမည်ကြီးရေပန်းစားနေတဲ့ မြောက်ကိုရီးယား ဗိုလ်ကြီးဇာတ်ကားဟာ အနုပညာရှင်တွေရဲ့ ကြည့်ရှုအားပေးမှုတွေကိုပါ ရရှိနေတာပါ။ Crash Landing On You လို့ အမည်ရတဲ့ဒီဇာတ်လမ်းတွဲမှာ ပါဝင်တဲ့ ဗိုလ်ကြီးကြောင့် ဗိုလ်ကြီး၊ ဗိုလ်ကြီးဆိုတဲ့ နာမည်လေးတွေခေတ်စားလာခဲ့တာဖြစ်ပါတယ်။

Image may contain: 1 person, smiling, flower and indoor

ပုလဲဝင်းကလည်းသူမရဲ့တနေ့တာဖြတ်သန်းမှုတွေကြားမှာ ပင်ပန်းစေတဲ့အရာတွေကို ဗိုလ်ကြီးဇာတ်လမ်းတွဲလေး ကြည့်ပြီးမှ အမောပြေစေတယ်လို့ သူ့ရဲ့လူမှုကွန်ယက်အကောင့်လေးမှာ ရေးထားတာပါ။

Image may contain: 2 people, people smiling, screen and phone

“02-02-2020 အမှတ်တရ Date 💖 ဒီနေ့ နည်းနည်း ပင်ပန်းနေပေမယ့် အမောပြေ အပန်းပြေလေး ကြည့်ပြီးမှ အိပ်မယ်ရယ်🥰” လို့ ဗိုလ်ကြီးဇာတ်လမ်းတွဲကို ဘယ်လောက်ကြိုက်နှစ်သက်ကြောင်း ရေးသားဖော်ပြထားတာပါ။

Image may contain: 2 people, people smiling, screen, phone and indoor

ပုလဲဝင်းက လက်ရှိမှာ နေပြည်တော်မှာ ပိုးထည်ဆိုင်လေးတစ်ဆိုင်ကို ဖွင့်လှစ်ရောင်းချနေတာဖြစ်ပါတယ်။ အနုပညာအလုပ်တွေမလုပ်တော့ပေမယ့် စီးပွားရေးလုပ်ငန်းတွေမှာတော့ အောင်မြင်မှုတွေရရှိနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Image may contain: 2 people, screen and indoor

Image may contain: 1 person, screen and indoor

Writer-YS,Cele Star