ကျန်းမာရေးမှ တာဝန်ရှိသူများကို တစ်ခွန်းတည်းပြောလိုက်တဲ့ လွင်မိုး

သရုပ်ဆောင် လွင်မိုးက ကျန်းမာရေးက တာဝန်ရှိသူများကို သူပြောနေကျ စကားအတိုင်း တစ်ခွန်းတည်းပြောလိုက်ပါတယ်။

Image may contain: 1 person

Image may contain: 1 person, smiling, standing, sky, mountain, outdoor and nature

ဇန်နဝါရီလ ၃၁ ရက်နေ့၊ ယနေ့ မနက်ပိုင်းက China Southern လေကြောင်းလိုင်းဖြင့် တရုတ်နိုင်ငံ ကွမ်ကျိုးပြည်နယ်က လိုက်ပါလာတဲ့ ဝူဟန်မြို့က တရုတ်အမျိုးသားမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိနေတယ်လို့ သံသယရှိတာကြောင့် ဝေဘာဂီဆေးရုံသို့ ပို့ဆောင်ထားရှိတာဖြစ်ပါတယ်။ တရုတ်နိုင်ငံ ဝူဟန်မြို့နယ်ကနေစတင်လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ နိုင်ငံတွေကို တဖြည်းဖြည်းနဲ့ ကူးစက်လာခဲ့ပါတယ်။

Image may contain: airplane and outdoor

No photo description available.

မြန်မာပြည်သူ၊ ပြည်သားတွေကလည်း ကိုရိုနာဗိုင်းရပ်စ်ပိုး နိုင်ငံတွင်းရောက်ရှိလာမှာကို အထူးစိုးရိမ်ပူပန်နေကြတာဖြစ်ပါတယ်။ ဒီကနေ့ မနက်ဖလိုက်မှာ ပါဝင်လာတဲ့ ကိုရိုနာဗိုင်းရပ်စ်သံသယရှိသူကြောင့် ပြည်သူ၊ ပြည်သားတွေ အထူးထိတ်လန့်စိုးရိမ်နေကြတာပါ။ လေယာဉ်ပေါ်ပါရှိတဲ့ ခရီးသည်တွေထဲမှာမှ မြန်မာနိုင်ငံသား ၂ ဦးကိုသာလျှင် ပြန်ခေါ်ထားမည်ဖြစ်ပြီး ကျန်ခရီးသည်များအားလုံးကို ထိုလေယာဉ်ဖြင့် ပြန်ပို့မည်ဖြစ်ကြောင်း သိရသည်။

Image may contain: 1 person, sitting

Image may contain: 1 person, outdoor

ဒီလို အထိတ်တလန့်ဖြစ်နေကြတဲ့ ရောဂါနဲ့ပတ်သက်ပြီး သရုပ်ဆောင် လွင်မိုးက ကျန်းမာရေးက တာဝန်ရှိသူတွေကို တစ်ခွန်းတည်းပြောလိုက်ပါတယ်။ အဲ့ဒါကတော့ ဗိုင်းရပ်စ်ပိုးနဲ့ပတ်သက်ပြီး တစ်နေ့ကို ၂ ကြိမ် သတင်းအဆက်မပြတ်ထုတ်ပြန်ပေးဖို့ပဲဖြစ်ပါတယ်။

ဝူဟန်သံသယရှိသူကို ဆေးရုံသို့ခေါ်ဆောင်ထားခြင်းနဲ့ပတ်သက်ပြီးတော့လည်း အချို့ အနုပညာရှင်တွေက အားမလိုအားမရဖြစ်ပြီး စိုးရိမ်ပူပန်နေကြတာကိုလည်း တွေ့ရပါတယ်။

Image may contain: 1 person, outdoor

Writer-YS,Cele Star

Photo-OnDoctorapp