ခြေတစ်ဖက် ထက်ပိုင်းကျိုးနေတဲ့ကြားက ခက်ခက်ခဲခဲမီးဖွားနေရတဲ့ နွားမလေးကို ကိုယ်ချင်းမစာ အချင်းကို စားဖို့ ကြိုးစားနေသူတွေရဲ့ လက်ထဲက ကယ်တင်ပေးခဲ့တဲ့ စံရတီမိုးမြင့်

မင်းသမီးလေး စံရတီမိုးမြင့်ရဲ့ မေတ္တာတရားကြီးမားမှုကတော့ အံ့မခန်းပါပဲနော်။ သူမဟာ တိရိစ္ဆာန်လေးတွေကို ကြင်နာသနားပြီး ချစ်ခင်တတ်သူလည်းဖြစ်ပါတယ်။

Image may contain: 1 person

Image may contain: 1 person, smiling, dog and outdoor

ချစ်စရာကောင်းတဲ့ အသံလေးနဲ့ ဗီဒီယိုဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့တဲ့ စံရတီမိုးမြင့်က အနုပညာလမ်းပေါ်မှာ လျှောက်လှမ်းနေဆဲပါ။ စံရတီမိုးမြင့်ဟာ သူမကိုအားပေးတဲ့ ပရိသတ်အခိုင်အမာကို ရရှိထားသူတစ်ဦးပါ။ တိရိစ္ဆာန်လေးတွေအပေါ် သနားကြင်နာတတ်တဲ့ သူမရဲ့ စိတ်ဓာတ်လေးကိုလည်း ပရိသတ်တွေက ချစ်ခင်လေးစားနေကြတာပါ။

Image may contain: one or more people and dog

Image may contain: 1 person, sitting and outdoor

Image may contain: 1 person, outdoor, nature and closeup

ယခုလည်း ခြေတစ်ဖက် ထက်ပိုင်းကျိုးနေတဲ့ကြားက ကိုယ်ဝန်သည် နွားမလေးရဲ့ ဘဝကို စံရတီမိုးမြင့်က တစ်ဖက်တစ်လှမ်းကနေ ကယ်တင်ပေးခဲ့ပြန်ပါတယ်။ နွားမလေးဟာ ခြေတစ်ဖက် ထက်ပိုင်းကျိုးပြီး အရိုးတွေ ငေါထွက်နေတဲ့ကြားက သူမရဲ့ ကလေးတွေကို ကြိုးစားပြီး မွေးဖွားနေခဲ့ပါတယ်။ သို့သော်လည်း ကြောက်စရာကောင်းလွန်းလှတဲ့ လူတွေရဲ့ လောဘကြောင့် မီးဖွားနေတဲ့ အချိန်မှာ သူမရဲ့ သားအိမ်ကို အချင်းမှတ်ပြီး ဆွဲယူစားသောက်ဖို့ ကြိုးစားနေတာကို တွေ့ရပါတယ်။

Image may contain: 1 person, outdoor

Image may contain: 1 person, standing and closeup

Image may contain: 1 person, outdoor

ဒီလိုသနားစရာကောင်းလှတဲ့ နွားမလေးမိချောရဲ့ ဘဝကို ထိုသို့သောသူတွေရဲ့ လက်ထဲကနေလွတ်မြောက်အောင် စံရတီမိုးမြင့်က ငွေကျပ်သုံးသိန်းလှူဒါန်းပြီးကယ်တင်ခဲ့တာဖြစ်ပါတယ်။ သူမရဲ့ ကယ်တင်လှူဒါန်းမှုလေးတွေကိုလည်း ပရိသတ်ကြီးက သာဓုခေါ်ဆိုနိုင်အောင် မျှဝေပေးထားတာကိုလည်း တွေ့ရပါတယ်။

Image may contain: 1 person

Image may contain: 1 person, indoor

တိရိစ္ဆာန်လေးတွေရဲ့ ဘဝကို ချစ်ခင်စာနာတတ်တဲ့ စံရတီမိုးမြင့်ကို သူမရဲ့ ပရိသတ်တွေက ချီးကျူးစကားဆိုနေကြတာလည်းဖြစ်ပါတယ်။ စံရတီမိုးမြင့်တစ်ယောက် ဒီလိုမွန်မြတ်တဲ့စိတ်ထားလေးတွေကြောင့် အနုပညာလမ်းမှာ ပိုမိုအောင်မြင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

Image may contain: 1 person, hat and closeup

Image may contain: 1 person, standing

Writer-YS,Cele Star

x