လိမ္မော်သီးသည် အဘတို့ မိသားစုဆီအရောက်သွားပြီး မေတ္တာတွေနဲ့ နွေးထွေးစေခဲ့တဲ့ Sinon

ဖိလစ်ပိုင် Catwalk မော်ဒယ်တစ်ဦးဖြစ်သူ Sinon က အသီးသည် အဘကြီးဆီကိုသွားရောက်လှူဒါန်းခဲ့ပါတယ်။

Image may contain: 1 person, sitting

Sinon ဟာ ကမ္ဘာတဝန်းနာမည်ကြီးတဲ့ Catwalk လျှောက်သူတစ်ဦးဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံမှာ အနုပညာအလုပ်တွေကို လာရောက်လုပ်ကိုင်နေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံကို အလည်ပတ်လာရောက်စဉ်မှာ အားပေးသူပရိသတ်တွေ အများအပြားရရှိခဲ့တာကြောင့် ဇာတ်ကားတွေပါရိုက်ကူးနေရပြီဖြစ်ပါတယ်။

Image may contain: 1 person, sitting

Image may contain: 1 person, sitting

မြန်မာပရိသတ်တွေရဲ့ အားပေးမှု၊ စိတ်ဝင်စားမှု အများအပြားရရှိရခြင်းရဲ့ အဓိကအချက်မှာ Sinon ရဲ့ စိတ်စေတနာကောင်းမွန်မှု၊ လိုအပ်နေတဲ့ သူတွေအပေါ် လိုက်လံကူညီပေးမှု၊ ဖေးမမှု တွေပါဝင်နေပါတယ်။ Sinon ဟာ မြန်မာနိုင်ငံမှာနေထိုင်နေစဉ်အတွင်း အကူအညီလိုအပ်နေသူပေါင်းမြောက်မြားစွာကို ကူညီပေးခဲ့ပြီးပါပြီ။

Image may contain: 1 person, sitting

Image may contain: 1 person, sitting

မြန်မာနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုကိုလည်း တစ်ဖက်တစ်လှမ်းကနေ လျှော့ချနိုင်ဖို့ ဆောင်ရွက်နေသူတစ်ဦးပါ။

Image may contain: 3 people, people sitting

ယခုရက်ပိုင်းအတွင်း လူမှုကွန်ယက်ပေါ်ပျံ့နှံ့သွားတဲ့ လိမ္မော်သီးသည်အဘကြီးကိုကူညီနိုင်ဖို့ မနေ့တည်းက Sinon တစ်ယောက် မေးမြန်းစုံစမ်းနေခဲ့တာဖြစ်ပါတယ်။ ယနေ့မှာတော့ အကူညီလိုအပ်နေတဲ့ အဘဆီကိုအရောက်သွားခဲ့ပြီး မေတ္တာတွေအပြည့်ပေးနိုင်ခဲ့တာကိုတွေ့ရပါတယ်။ ဒါ့အပြင် အဘအတွက် လိုအပ်နေတဲ့ လှူဒါန်းမှုလေးတွေကိုလည်း ပြုလုပ်ခဲ့ပါသေးတယ်။

Image may contain: 2 people, people sitting

Image may contain: 2 people, people sitting

Sinon ဟာ မေတ္တာတရားလိုအပ်နေသူတွေ၊ အကြင်နာတရားလိုအပ်နေသူတွေကို ဖေးမကူညီပြီး သူ့ရဲ့ မေတ္တာတွေနဲ့ နွေးထွေးစေတတ်သူတစ်ဦးပါ။ လိမ္မော်သီးသည်အဘနဲ့ Sinon တို့ရဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီး သိရှိနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

Image may contain: 1 person, sitting

Writer-YS.Cele Star

x