လက်မှတ်မရောင်းရလို့ ရှုံးမလိုဖြစ်နေတဲ့ ကင်ဆာရောဂါသည်မီးမီးခဲရဲ့တစ်ကိုယ်တော်ရှိုးပွဲလေး

အဆိုတော်မီးမီးခဲဟာ ရင်သားကင်ဆာရောဂါအပါအဝင် ကင်ဆာရောဂါတော်တော်များများကို အန်တုခဲ့ရသူဖြစ်ပြီး လက်ရှိအချိန်ထိလည်း ကင်ဆာရောဂါက အရှင်းပျောက်ကင်းသွားတာမဟုတ်ပဲ ထိန်းထားဆဲအဆင့်သာဖြစ်တယ်လို့ သိရပါတယ်။

Image may contain: 1 person, sitting

Image may contain: 1 person, standing

Image may contain: 1 person, smiling, standing

သူမက သြစတြေးလျနိုင်ငံမှာ နေထိုင်နေတာဖြစ်ပြီး လတ်တလောမှာတော့ မြန်မာပြည်ကို ခဏအလည်ပြန်လာပြီး သူမတသက်တာမှာ အလုပ်ချင်ဆုံး၊ အဖြစ်ချင်ဆုံး သူမရဲ့ Solo Show ပွဲလေး ပြုလုပ်ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။

Image may contain: 1 person, smiling, standing and text

Image may contain: 1 person, standing and text

Image may contain: 3 people, people smiling, people standing

သူမရဲ့ ရှိုးပွဲမှာ သူမနဲ့ ခင်ပွန်းဟောင်း ထူးအယ်လင်းတို့ ရရှိခဲ့တဲ့ သမီးလေး ဘားဘီကလည်း ပါဝင်သီဆိုပေးမယ်လို့ သိရပြီး ဘားဘီလေးက လက်ရှိအချိန်မှာ အသက် ၁၀ နှစ်ရှိနေပါပြီ။

Image may contain: 2 people, people smiling, people standing

Image may contain: 1 person, smiling, sitting

Image may contain: 1 person, smiling, standing

မီးမီးခဲရဲ့ ရှိုးပွဲလက်မှတ်တွေကို ကျပ်ငါးသောင်း၊ သုံးသောင်း၊ နှစ်သောင်း အဖြစ်သတ်မှတ်ရောင်းချပေးနေပေမယ့် ရှိုးပွဲ ၅ရက်အလို အချိန်အထိ လက်မှတ် ၂၀၀ သာရောင်းချခဲ့ရတယ်လို့ မီးမီးခဲက ဆိုထားပါတယ်။ ဒီနေ့ ရှိုးပွဲ ၂ရက်သာအလိုမှာလည်း လက်မှတ်တွေအများကြီး ကျန်ရှိနေသေးတာကြောင့် မီးမီးခဲအနေနဲ့ သိန်းရာချီအကုန်ခံထားတဲ့ သူမရဲ့ တစ်ကိုယ်တော်ရှိုးပွဲလေးက ရှုံးတော့မလိုဖြစ်နေတာပါ။ မီးမီးခဲရဲ့ ရှိုးပွဲလေးကို စိုင်းစိုင်းခမ်းလှိုင် အပါအဝင် အဆိုတော်၊ အနုပညာရှင်တော်တော်များများက သွားရောက်အားပေးဖို့ ပြင်ဆင်ထားကြတယ်လို့လည်း သိရပါတယ်။

Image may contain: 7 people, people smiling, people standing

Image may contain: 7 people, people smiling, text

မီးမီးခဲက ” ဒီပွဲအစအဆုံး အသုံးစရိတ်တွေ အားလုံးဟာ ကျွန်မ စုဆောင်းခဲ့တဲ့သီချင်းရေးခ၊ သီချင်းသီဆိုခနဲ့ကျင်းပပြုလုပ်မှာဖြစ်ပါတယ်..
အမှတ်တရ ဖြစ်ချင်လို့ သာ ပြုလုပ်ခြင်းသာ ဖြစ်ပါတယ်.. သနိ့ ရှင်းဖြူစင်တဲ့ စေတနာတွေနဲ့ ရင်ထဲနှစ်ပြီး လုပ်မဲ့ပွဲလေးဖြစ်သလို အထူးသဖြင့် Music ပိုင်းမှာ အကောင်းဆုံးကြိုးစားတင်ဆကိသွားမှာပါ.. အသေးစိတ် ကုန်ကျစရိတ်တွေကအစ အားနာတတ်တဲ့ ကျွန်မအတွက် ကျွန်မတယောက်ထဲ ဘယ်သူအကူအညီမှ မယူပဲ ပြုလုပ်ပေးဆပ်ရတာ ဖြစ်တဲ့အတွက် လာရောက် အားပေးကြပါလို့ ဖိတ်ခေါ်ပါတယ်” လို့ ပြောထားပါတယ်။

Image may contain: 6 people, people smiling

အဆိုတော်မီးမီးခဲဟာ သြစတြေးလျမှာ အိမ်ထောင်သစ်ထူထောင်ထားသူဖြစ်ပြီး အိမ်ထောင်သစ်နဲ့ ကလေး ၂ယောက် ထပ်မံမွေးဖွားထားပြီး ခင်ပွန်းဟောင်း ထူးအယ်လင်းနဲ့ ရရှိခဲ့တဲ့ သမီးကြီးဘားဘီကတော့ ရန်ကုန်မှာ အဘွားဖြစ်သူနဲ့ အတူ နေထိုင်နေတာဖြစ်ပါတယ်။

Image may contain: 2 people, people smiling, closeup

Image may contain: 3 people, people smiling, baby, shoes and outdoor

Image may contain: 4 people, people smiling, people sitting

Image may contain: 3 people, people smiling, selfie and closeup

Writer – YLLT(Cele Star)