နှစ်လဆက်တိုက်ထီပေါက်ခဲ့တဲ့ ဟာသသရုပ်ဆောင်ငှက်ပျောကြော်

ဟာသသရုပ်ဆောင်ငှက်ပျောကြော်ကတော့ အရင်လကရော အခုလမှာပါ နှစ်လဆက်တိုက် ထီပေါက်ခဲ့လို့ အံ့သြဝမ်းသာဖြစ်နေပါတယ်။

Image may contain: 1 person

No photo description available.

Image may contain: 1 person, text

ဦးငှက်ပျောကြော်ဟာ အရင်လက ကျပ်ငါးသောင်းဆုပေါက်ခဲ့တာဖြစ်ပြီး ဒီလမှာတော့ ကျပ် ၁သိန်းဆုပေါက်ခဲ့တာလို့ သူကဆိုထားပါတယ်။

Image may contain: 2 people, people on stage, people standing and outdoor

Image may contain: 2 people

ဟာသသရုပ်ဆောင်ငှက်ပျောကြော်ဟာ ဦးအရိုင်း၊ ဦးဖိုးဖြူ၊ ကွယ်လွန်သွားပြီဖြစ်တဲ့ ဦးကင်းကောင် တို့နဲ့အတူ သရဲလေးကောင်အဖြစ် နာမည်ကြီးခဲ့သူဖြစ်ပြီး အဲဒီခေတ်အခါက ဦးလွင်မိုးနဲ့အတူ အတွဲညီခဲ့ကြသူတွေဖြစ်ပါတယ်။

Image may contain: 7 people, people smiling

Image may contain: 5 people, people smiling

နောက်ပိုင်းမှာတော့ သရဲလေးကောင်ရယ်လို့ မဟုတ်တော့ပဲ သီးခြားစီ ခွဲထွက်ခဲ့ကြရာက လက်ရှိအချိန်မှာ ဦးငှက်ပျောကြော်အနေနဲ့ ရုပ်ရှင်ဇာတ်ကားတွေဆက်လက်ရိုက်ကူးနေဆဲဖြစ်ပြီး ဦးအရိုင်းကတော့ The Mask Singer Myanmar မှာ ဒိုင်အဖြစ်ပါဝင်နေတာကိုတွေ့ရပါတယ်။ ဦးဖိုးဖြူကတော့ အဝစား ၁၅၀၀ ကျပ်တန် ထမင်းဆိုင်လေးဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

Image may contain: 4 people, people smiling, people standing

Image may contain: 3 people, people smiling, people standing

Writer – YLLT(Cele Star)

x