Myanmar Idol Season 4 အဖွဲ့သားတွေရဲ့ ညစာစားပွဲရောက်ရှိနေတဲ့ တန်ခွန်ကျော်

Last modified date

မြန်မာအိုင်ဒေါလ် Season 4 မှာ ပါဝင်ယှဉ်ပြိုင်ခဲ့သူတစ်ဦးဖြစ်တဲ့ တန်ခွန်ကျော်ကတော့  Myanmar Idol Season 4 အဖွဲ့သားတွေရဲ့ ညစာစားပွဲကိုရောက်ရှိနေပါတယ်တဲ့။

Image may contain: 2 people, people smiling, people standing and outdoor

Image may contain: one or more people

Image may contain: 1 person, outdoor

မြန်မာအိုင်ဒေါလ်ပြိုင်ပွဲကြီးမှာ တန်ခွန်ကျော်အနေနဲ့ Top 11 မှာ ပါဝင်ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး သူပြုတ်သွားချိန်မှာတော့ တန်ခွန်ကျော်ရဲ့ ဖန်တွေနဲ့ ပရိသတ်တွေက တော်တော်လေးကို စိတ်မကောင်းဖြစ်ခဲ့ကြရတာပါ။

Image may contain: 10 people, people smiling, people sitting and shoes

Image may contain: 1 person, standing and closeup

ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ တန်ခွန်ကျော်တစ်ယောက် Channel 9 Wild Card နဲ့ တဖန်ပြန်လည် ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြန်ပါတယ်။ ဒီနေရာမှာ ကံမကောင်းစွာနဲ့ပဲ တန်ခွန်ကျော်တစ်ယောက် Wild card ကို အကျိုးရှိအောင် အသုံးမချနိုင်ခဲ့ပဲ ရွေးချယ်ခံရတဲ့အပတ်မှာပဲ မူးလာနဲ့အတူ ပြုတ်ခဲ့ရတာဖြစ်ပါတယ်။

Image may contain: 2 people, people smiling

Image may contain: 2 people, people standing and shoes

မူးလာနဲ့ တန်ခွန်ကျော်ပြုတ်ပြီးတဲ့နောက်မှာတော့ အေးမြဖြူ၊ ဘင်ဂျမင်ဆုမ်းနဲ့ အက်စတာတို့ Top 3 သာကျန်ရှိခဲ့တာဖြစ်ပြီး သူတို့ထဲက အက်စတာဒေါ့သ်ချင်းဆုန်ရ်က Myanmar Idol Season 4 ရဲ့ Winner ဆုကြီးကို ဆွတ်ခူးသွားခဲ့တာပဲ ဖြစ်ပါတယ်။

Image may contain: 1 person, smiling, food

တန်ခွန်ကျော်တစ်ယောက် ပြီးခဲ့တဲ့ ဖိုင်နယ်ပွဲနေ့မှာ Wild card winner ဆုအတွက် ငွေကျပ် သိန်း ၅၀ ကို ဆုအဖြစ် လက်ခံရရှိခဲ့ပြီးဖြစ်ပါတယ်။ တန်ခွန်ကျော်က သူရောက်ရှိနေတဲ့ ညစာစားပွဲလေးက ပုံရိပ်လေးတွေကို Live လွှင့်ထားတဲ့ Video လေးကိုကြည့်လိုက်ပါဦး။

Image may contain: 1 person, smiling, on stage

No photo description available.

ဒင်နာပွဲလေးမတိုင်ခင် ယောကီး အက်စတာ၊ ထက်အဉ္စလီနဲ့ နော်စေးစေးထူးတို့ကလည်း Live လွှင့်ခဲ့ပြီး အချင်းချင်း ချစ်ချစ်ခင်ခင်နဲ့ တွေ့မြင်ခဲ့ရပါတယ်။

Writer – YLLT(Cele Star)

x