New Year အထိမ်းအမှတ်အဖြစ် ပရိသတ်ကိုရွှေလက်စွပ်တွေနဲ့ဖုန်းတွေ မဲဖောက်ပေးမယ့် ဖြိုးမြတ်အောင်

မြန်မာအိုင်ဒေါလ် Winner တစ်ဦးဖြစ်တဲ့ ဖြိုးမြတ်အောင်က ၂၀၁၉ နှစ်ကုန် ၂၀၂၀ အစ နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် သူ့ရဲ့ ပရိသတ်တွေကို ရွှေလက်စွပ်တွေနဲ့ ဖုန်းတွေ မဲဖောက်ပေးသွားမယ်လို့ သိရပါတယ်။

Image may contain: 3 people, people smiling, people sitting and indoor

Image may contain: 1 person, smiling, closeup

ဖြိုးမြတ်အောင်က သူ့ရဲ့ ဖေ့ဘုတ်မှာ ” မင်္ဂလာပါ ကျွန်တော်ဖြိုးမြတ်အောင်ပါ၊ ကျွန်တော်ကချစ်ရသော၊ ကျွန်တော့ကိုချစ်သော မိသားစုကြီးကို New Year အထိမ်းအမှတ်အနေနဲ့ မေတ္တာလက်ဆောင် ကံစမ်းမဲဖောက်ပေးသွားမှာပါ၊ ပစ္စည်းအားလုံးတန်ဖိုး ငွေကျပ် ၁၀ သိန်းဖိုးရှိတဲ့ ရွှေလက်စွပ် ၂ကွင်း ၊ Xiaomi redmi note 8 ဖုန်းအသစ်စက်စက် ၂လုံးတို့ကို မဲဖောက်ပေးသွားမှာပါ” လို့ ပြောထားပါတယ်။

Image may contain: 1 person, smiling, sitting

Image may contain: 1 person, sitting, playing a musical instrument and guitar

ဖြိုးမြတ်အောင်အနေနဲ့ ဒီကံစမ်းမဲကို လာမယ့် ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ မဲဖောက်ရွေးချယ်ပေးသွားမှာဖြစ်ပြီး ပေါက်တဲ့သူကို အဲဒီနေ့မှာပဲ အကြောင်းကြားပေးသွားမယ်လို့ သိရပါတယ်။

Image may contain: 1 person, smiling, sitting

Image may contain: 1 person

အခုကနေစပြီး ဒီဇင်ဘာ ၃၀ ရက်အထိ ကံစမ်းနိုင်မယ့် ဖြိုးမြတ်အောင်ရဲ့ မေတ္တာလက်ဆောင်လေးတွေ မဲပေါက်ချင်ရင်တော့ ဖြိုးမြတ်အောင်ရဲ့ တရားဝင် Page လေးဆီမှာ သွားပြီး ကံစမ်းကြည့်လိုက်ကြပါဦးနော်။

Image may contain: 2 people, people smiling, people standing and indoor

Writer – YLLT(Cele Star)