တင်ဇာမော်နဲ့ ဖြူဖြူတို့က သူမသီချင်းဆိုသံနဲ့တူအောင်လိုက်ဆိုပြရတဲ့အထိ အောင်မြင်ခဲ့တဲ့ အက်စတာ

မြန်မာအိုင်ဒေါလ်ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ အက်စတာဒေါ့သ်ချင်းဆုန်ရ်ကတော့ ဒိုင် ၃ယောက်က သူမသီချင်းဆိုသွားတဲ့ပုံစံနဲ့ ဟန်ပန်ကို လိုက်မှီအောင်ဆိုပြနေကြရတဲ့အထိ ချီးကျူးခံနေရတာ တွေ့ရပါတယ်။

Image may contain: 2 people

Image may contain: 1 person, smiling, standing

ကျွန်မကိုချစ်ရင် ကျွန်မလာပြောရှင် စဉ်းစားမှာပေါ့ ဆိုတဲ့ နေရာလေးမှာ ပေါ့ ဆိုတဲ့စကားလုံးလေးကို ပေါ့ပေါ့ပါးပါး သီဆိုပြသွားနိုင်တဲ့အတွက် ဒိုင်တွေကအရမ်းကို အံ့သြချီးကျူးနေကြတာဖြစ်ပါတယ်။ ဒိုင်တွေဖြစ်တဲ့ တင်ဇာမော်နဲ့ ဖြူဖြူကျော်သိန်းတို့က အက်စတာသီဆိုသွားခဲ့ပုံလေးကို ပြန်လည်သီဆိုပြခဲ့ကြပြီး  ဘယ်သူသီဆိုတာက အက်စတာဆိုတာနဲ့ အတူဆုံးလဲလို့ အက်စတာကိုပြန်မေးပြီး သဘောတွေကျနေခဲ့ကြတာပါ။

Image may contain: 1 person, standing

တင်ဇာမော်နဲ့ ဖြူဖြူကျော်သိန်းတို့က အေးမြဖြူနဲ့ အက်စတာတို့ရဲ့ သီဆိုမှုနဲ့ ပါဖောမန့်စ် တင်ဆက်မှုအပေါ်မှာ သဘောကျနေခဲ့ကြပြီး သူတို့ရွေးပေးတဲ့သီချင်းကို အကောင်းဆုံး ဆိုနိုင်တယ်ရယ်လို့လည်း ချီးကျူးထားကြပါတယ်။ အက်စတာကိုတော့ ဒိုင်မမ နှစ်ဦးက သီချင်းဆိုပုံဆိုပေါက်တွေမှာ ကိုယ်ပိုင်ဟန်လေးနဲ့ သီဆိုထားတဲ့အတွက် အရမ်းကျေနပ်တယ်လို့ ပြောကြပါတယ်။

Image may contain: 1 person, standing

Image may contain: 1 person

ဒိုင်တစ်ဦးဖြစ်တဲ့ ဦးအောင်ကိုလတ်ကလည်း သူတို့သီဆိုနေပုံက ယှဉ်ပြိုင်နေတာနဲ့မတူပဲ ဖျော်ဖြေနေသလိုတောင် ဖြစ်နေလို့ အရမ်းအားရတယ်လို့ ပြောခဲ့တာပါ။ အေးမြဖြူလေးက သီချင်းနဲ့အက လိုက်ဖက်ညီဖို့ ကြိုးစားနေရလို့လားမသိ၊ အသံပိုင်းမှာ အနည်းငယ်လိုအပ်ချက်ရှိခဲ့သလို ခံစားရပါတယ်။ အက်စတာကတော့ ဒီညမှာ တကယ့် ပရော်ဖက်ရှင်နယ် အဆိုတော်တစ်ယောက်အတိုင်း သီဆိုသွားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီလိုပဲ ဘင်ဂျမင်ဆုမ်းတစ်ယောက်ကလည်း မမချစ်လို့မဖြစ် သီချင်းနဲ့ တကယ့်အဆိုတော်ကြီးတစ်ယောက်အလား သီဆိုယှဉ်ပြိုင်ပြသွားခဲ့တာက တကယ့်ကို ချီးကျူးစရာပါပဲ။

Image may contain: 3 people, people smiling

Image may contain: 3 people, people smiling, people standing

ကဲ ဒီအမျိုးသမီး ပြိုင်ပွဲဝင်လေး ၂ယောက်ထဲက တစ်ယောက်ကများ Winner ဖြစ်လာမလား ဒါမှမဟုတ် အမျိုးသားပြိုင်ပွဲဝင်ဖြစ်တဲ့ ဘင်ဂျမင်ဆုမ်းကပဲ Winner ဖြစ်မလားဆိုတာကတော့ အရမ်းကို စိတ်ဝင်စားဖို့ကောင်းနေပါပြီနော်။

Writer – YLLT(Cele Star)