နဂါးမလေးက သူမဟုတ်ပါဘူးလို့ ငြင်းခဲ့ဖူးပေမယ့် မျက်နှာဖုံးချွတ်ပြကာဝန်ခံလိုက်ရပြီဖြစ်တဲ့ အေသင်ချိုဆွေ

အဆိုတော်မလေး အေသင်ချိုဆွေကို ပရိသတ်တွေက The Mask Singer Myanmar မှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ နဂါးဝတ်စုံဝတ် နဂါးမလေးအဖြစ် ခန့်မှန်းကြတဲ့အပြင် သူမကိုပါ လာရောက်မေးမြန်းကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အေသင်က နဂါးဟာ သူမမဟုတ်တဲ့အကြောင်း တစ်ခြားသူတစ်ယောက်ဖြစ်ကြောင်း ပွဲပြီးအောင်ကြည့်ရင် သိလိမ့်မယ်ဆိုပြီး ပြောဆိုခဲ့တာ တွေ့ရပါတယ်။ အေသင်ချိုဆွေက မပြောရဘူးဆိုတာကို လာမေးနေကြတော့ ခက်ခဲခဲ့ရတယ်လို့လည်း ဆိုပါတယ်။

Image may contain: 1 person, standing and outdoor

Image may contain: one or more people and people standing

Image may contain: 1 person, smiling

ဒါပေမယ့် ဒီနေ့မှာတော့ ဒိုင်တွေနဲ့ ပရိသတ်တွေရဲ့ မဲပေးရွေးချယ်မှုအရ နဂါးမလေးက မျက်နှာဖုံး ချွတ်ပြခဲ့ရတာဖြစ်ပြီး Group A B C ထဲက လိမ္မော်သီးလို့ ခန့်မှန်းထားခြင်းခံနေရတဲ့ နာနတ်သီးလေးပဲ ကျန်ရှိတော့ပါတယ်။

Image may contain: 1 person

Image may contain: text

The Mask Singer Myanmar အစီအစဉ်မှာ ဆယ်လီစုံထောက်ကြီးတွေအဖြစ် ထွန်းထွန်း၊ ဦးအရိုင်း၊ ခိုင်သင်းကြည် နဲ့ ရတနာမိုင်တို့က ဖော်ထုတ်နေတာဖြစ်ပြီး သူတို့တွေအားလုံးအတူ မှန်ကန်အောင်ပြောနိုင်ခဲ့တဲ့ မျက်နှာဖုံးရှင်က အေသင်ချိုဆွေပဲ ဖြစ်ပါတယ်။ ခါတိုင်းဆိုရင် သူတို့ခန့်မှန်းတာတွေက တလွဲတွေဖြစ်နေခဲ့လို့ပါပဲ။

Image may contain: one or more people and text

Image may contain: 1 person

ကျားမျက်နှာဖုံးရှင် ပိုင်တံခွန်၊ ယက္ခကြီး ဦးကျော်ထူး၊ ဇီးကွက်လေး ဟန်သီ၊ ဂြိုလ်သားလေး အုပ်စိုးခန့် ၊ သီးမွှေးလေး ပိုပိုဟေသာ၊ ဖိုးဝလေး အောင်ရဲထိုက်၊ ဇော်ဂျီ ဝေကြီး နဲ့ အခုအပတ်အတွက် နဂါးမလေး အေသင်ချိုဆွေတို့က ပြိုင်ပွဲကနေ မျက်နှာဖုံးချွတ်ပြပြီး ထွက်ခဲ့ရပြီဖြစ်ပါတယ်။

Image may contain: 1 person, smiling

Image may contain: 1 person, smiling, standing and text

Image may contain: 1 person, smiling, standing

Image may contain: 1 person, smiling, standing and text

Image may contain: 1 person, smiling

Image may contain: 1 person, smiling, text

Image may contain: 1 person, smiling, text

ကျန်ရှိနေသေးတဲ့ မျက်နှာဖုံးရှင် နာနတ်သီးလေးနဲ့ ထပ်မံရောက်ရှိလာမယ့် မျက်နှာဖုံးရှင်တွေဖြစ်တဲ့ ဖရဲသီး၊ ကြောင်၊ ဝက်၊ ကြက် အစရှိတာတွေကရော ပရိသတ်ကြီးကို ဘယ်လိုတွေဆက်ပြီး ရင်ခုန်စေဦးမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

Writer – YLLT(Cele Star)