အနွေးထည်ဝတ်စရာမရှိလို့ ချမ်းနေတဲ့အဘွားတစ်ဦးကို သူမရဲ့ အနွေးထည်လေးချွတ်လှူခဲ့တဲ့ အဆိုတော်ပိုပို

အဆိုတော်ပိုပိုဟာဆိုရင် အလှူအတန်းရက်ရောသူတစ်ဦးအဖြစ် နာမည်ကျော်ကြားပါတယ်။ အခုလည်း သူမပုဂံရောက်နေတုန်း အဘွားတစ်ဦးနဲ့အတွေ့မှာ အနွေးထည်မပါတာကို သတိထားမိပြီး ဒီလိုချမ်းအေးလှတဲ့ ရာသီဥတုမှာ သူမထက် အဘွားက ပိုအေးနေမယ်ဆိုပြီး သူမဝတ်ထားတဲ့ အနွေးထည်လေးကို ချွတ်ပြီး လှူပေးခဲ့တာပါ။

Image may contain: 2 people, people smiling, closeup

Image may contain: 2 people, people smiling

Image may contain: 1 person, standing

ပိုပိုက သူမရဲ့ ဖေ့ဘုတ်မှာ ” အရမ်းအေးတတ်တဲ့ ကျမ နှာတွေစေးနေပေမဲ့လဲ အဘွားက ပိုချမ်းနေမယ်ထင်လို့
ဝတ်ထားတဲ့ အနွေးထည် ချွတ်လှူခဲ့တယ်၊ ပိုနဲ့ တွေ့တဲ့သူတွေတိုင်းကို စိတ်ချမ်းသာစေချင်တယ်” လို့ ပြောထားပါတယ်။

Image may contain: 1 person, smiling, ocean, sky, beach, outdoor, nature, water and closeup

Image may contain: 1 person, sky and outdoor

ပိုပိုက အဘွားကို ငွေကြေးလှူဒါန်းမှုလည်း ပြုလုပ်ခဲ့ပြီး အဘွားဆီကနေထွက်လာချိန်မှာတော့ အနွေးထည်မပါဘဲ အအေးဒဏ်ကို အံတုပျော်ရွှင်နေတာကိုလည်း တွေ့ရပါတယ်။

Image may contain: 1 person, standing

ပိုပိုအခုလိုလှူလိုက်တာနဲ့ပတ်သက်ပြီး ” ချစ်တယ် အဲလိုစိတ်ထားလေးကို … မှတ်မိသေးတာလေးတခုက ပွဲဆိုပီးရန်ကုန်ရောက်တော့ လက်ထဲမှာ ငွေဆိုလို့ရှိတာ သိန်း၄၀လောက်ပဲလေ … ဒါကို အဘွားရွာက ဘုန်းကြီးကျောင်းက လိုအပ်နေတာအတွက် အကုန်လှူပစ်တာ…ကိုယ်ကတောင် သုံးစရာရှိပါ့မလား စိတ်ပူပေးနေတာ … အခုတော့ အဲလို စိတ်ထားတွေကြောင့် သိန်း၅၀၀၀တန်အိမ်ကြီး ပိုင်ရတာ” လို့ သူငယ်ချင်း အဆိုတော်မင်းရတုပိုင်က ချီးကျူးစကားဆိုထားသလို သူမရဲ့ Fan တွေကလည်း သူမရဲ့ စိတ်ထားလေးကို ဝိုင်းဝန်းချီးကျူးသာဓုခေါ်ဆိုနေကြပါတယ်။

Image may contain: 12 people, people smiling, people standing, tree, child, outdoor and nature

Image may contain: 22 people, people smiling, people standing, sky and outdoor

Writer – YLLT(Cele Star)

x