မသန်စွမ်းကလေးငယ်လေးတွေကို  ခရစ်စမတ်လက်ဆောင်အရုပ်လေးတွေနဲ့ ပျော်စေခဲ့တဲ့ သရုပ်ဆောင်အေးမြတ်သူ

သရုပ်ဆောင်အေးမြတ်သူဟာ ဘာသာရေးအမြဲလိုလုပ်လေ့ရှိပြီး ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းနဲ့ မသန်စွမ်းကလေးစောင့်ရှောက်ရေးဂေဟာက ကလေးတွေကို အမြဲလို အဖော်လုပ်ပေး လှူတန်းမှု ပြုလုပ်ပေးလေ့ရှိသူတစ်ဦးဖြစ်ပါတယ်။

Image may contain: 2 people, people smiling, people sitting, child and outdoor

Image may contain: 2 people, people smiling, people sitting, child, shoes and outdoor

Image may contain: 6 people, people smiling, child

အခုလည်း အေးမြတ်သူတစ်ယောက် ကျိုက်ဝိုင်းကျောင်းက ကလေးငယ်လေးတွေကို ခရစ်စမတ်လက်ဆောင်အရုပ်နဲ့ မုန့်တွေပေးပြီး ပျော်စေခဲ့ပြန်ပါတယ်။

Image may contain: 13 people, people smiling, people sitting and indoor

Image may contain: 4 people, people sitting and child

Image may contain: 2 people, people smiling, people standing and outdoor

Image may contain: 2 people, people smiling, people standing

အေးမြတ်သူဟာ အဆိုပါသင်တန်းကျောင်းက ကလေးငယ်လေးတွေကို ခရစ်စမတ်လက်ဆောင်အဖြစ် အရုပ်ကလေးတွေ လက်ဆောင်ပေးခဲ့တာဖြစ်ပြီး အဆိုပါလက်ဆောင်ပေးမယ့် အရုပ်လေးတွေကို ဝယ်ပေးသူတွေရှိခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် Krispy Kreme ဒိုးနပ်ကုမ္ပဏီကလည်း အေးမြတ်သူရဲ့ အလှူကိုပါဝင်အားဖြည့်တဲ့အနေနဲ့ ဒိုးနပ်မုန့်လေးတွေ လှူဒါန်းခဲ့တာကို တွေ့ရပါတယ်။

Image may contain: 2 people, people smiling, people sitting

Image may contain: 3 people, people smiling, child

Image may contain: 7 people, people smiling

အေးမြတ်သူက သူမရဲ့ ဖေ့ဘုတ်မှာ ” မမြတ်လေးရဲ့ ခရစ်စမတ်လေးက ပြီးပြည့်စုံခဲ့ပါပြီ၊ ကိုယ့်ရဲ့ သံယောဇဉ်အပိုလေးတွေဆီ အရုပ်တွေမုန့်တွေနဲ့သွားခဲ့တယ်၊ ကိုယ့်ကိုမြင်ရင်ပျော်နေတတ်ကြတဲ့ သူတို့လေးတွေရဲ့ အပျော်က ကိုယ်ဟာ လူပိုကြီးတစ်ယောက်မဟုတ်ပါလားလို့ ခံစားမိစေတယ်၊ မမြတ်လေးချစ်ရတဲ့ အချစ်ကလေးတွေက ခရစ်စမတ်မှာပျော်နေကြပါပြီ၊ ချစ်ရတဲ့သူအားလုံးလည်း ၂၀၂၀ မှာ ပျော်ရွှင်ချိုမြိန်သာယာခြင်းတွေ ပိုင်ဆိုင်ကြပါစေ၊ မမြတ်လေးလည်း ဒီထက်ပိုတဲ့ အပျော်တွေကိုဖန်တီးပေးနိုင်တဲ့သူဖြစ်ရပါစေ” ဆိုပြီး ဆုတောင်းစကားလေး တင်ထားတာဖြစ်ပါတယ်။

Image may contain: 10 people

Image may contain: 5 people, people smiling

Image may contain: 17 people, people smiling, people standing

Image may contain: 5 people, people smiling, child

အခုလိုမျိုး အကြင်နာလိုအပ်နေတဲ့ ကလေးငယ်လေးတွေကို ချစ်ပေးတဲ့ အေးမြတ်သူလေးလည်း သူ့အပေါ်မှာ သူ့ထက်ချစ်နိုင်ကြသူတွေနဲ့ ဆုံတွေ့နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

Image may contain: 6 people, people smiling, people sitting

Image may contain: 8 people, people smiling, people sitting

Image may contain: 3 people, people sitting

Image may contain: 3 people, people smiling, people sitting

Image may contain: 12 people, people smiling, people sitting, people eating and child

Writer – YLLT(Cele Star)