အမှားအယွင်းတွေရှိခဲ့တဲ့ကြားက Grand Final ကို တက်ရောက်သွားနိုင်ပြီဖြစ်တဲ့ အက်စတာဒေါ့သ်ချင်းဆုန်

မြန်မာအိုင်ဒေါလ်ပြိုင်ပွဲဝင် အက်စတာဒေါ့သ်ချင်းဆုန်ကတော့ မနေ့က သီဆိုဖျော်ဖြေမှုအလှည့်မှာ အမှားအယွင်းလေးတွေ ရှိခဲ့တာကြောင့် သူမကိုယ်တိုင် သူမထွက်ရလိမ့်မယ်လို့ ထင်မှတ်ခဲ့ပေမယ့် Fan တွေရဲ့ အားပေးမှုကြောင့် Grand Final ကို တက်ရောက်သွားနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

Image may contain: 1 person, smiling, standing

Image may contain: 1 person, smiling

အက်စတာဟာ အေးမြဖြူ၊ ဘင်ဂျမင်ဆုမ်းတို့နဲ့အတူ Grand Final မှာ ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး Grand Final ညကတော့ တကယ့်ကို စိတ်လှုပ်ရှားစရာ အပြည့်နဲ့ ညလို့ ဆိုရတော့မှာပါပဲ။

Image may contain: 1 person, smiling, standing and closeup

Image may contain: 1 person, smiling, standing

Image may contain: 1 person, standing

Fan အင်အားတောင့်တင်းသူတွေဖြစ်ကြတဲ့ အေးမြဖြူ၊ ဘင်ဂျမင်ဆုမ်းတို့ကို အက်စတာရဲ့ Fan တွေက ယှဉ်ပြိုင်နိုင်မလားဆိုတာကတော့ စောင့်ကြည့်ရမှာပါပဲ။

Image may contain: 1 person, standing

Image may contain: 1 person, standing

ဒီနေ့ညရဲ့ Result show မှာ Wild card နဲ့ ခက်ခက်ခဲခဲ ပြန်လည်ရောက်ရှိလာခဲ့တဲ့ တန်ခွန်ကျော်လည်း မြန်မာအိုင်ဒေါလ်ကို အပြီးအပိုင်နှုတ်ဆက်လိုက်ရပြီဖြစ်သလို မူးလာတစ်ယောက်လည်း အိမ်ပြန်ခဲ့ရပြီပဲ ဖြစ်ပါတယ်။

Image may contain: 1 person, closeup

Image may contain: 1 person, smiling, closeup

မူးလာနဲ့ တန်ခွန်ကျော်မပါတော့ပဲ Top 3 သုံးယောက် သူနိုင်ကိုယ်နိုင်အပြိုင်ကြဲကြမယ့် Grand Final လေးကို ရင်ခုန်စွာနဲ့ စောင့်မျှော်လိုက်ကြရအောင်ပါနော်။

Writer – YLLT(Cele Star)

x