ခရစ်စမတ်သီချင်းဆိုတဲ့သူတွေကို မုန့်တွေဝေရင်း ပျော်နေကြတဲ့ ခေတ်လေးနဲ့ သစ်လေး

မကြာခင် ခရစ်စမတ်လေးရောက်ရှိတော့မှာဖြစ်လို့ ခေတ်လေးနဲ့ သစ်လေးကတော့ ခရစ်စမတ်သီချင်း ဆိုတဲ့သူတွေကို မုန့်တွေဝေရင်း ပျော်နေကြပါတယ်နော်။

Image may contain: 1 person

Image may contain: 2 people, people standing and child

ခေတ်လေးနဲ့ သစ်လေးက ခရစ်စမတ်သီချင်းလေးတွေကို စည်းချက်ညီလိုက်ပြီး ကပြနေကြတဲ့ပုံလေးကလည်း ချစ်စရာလေးပါပဲ။ မေမေထရီဇာတစ်ယောက်ကတော့ ခရစ်စမတ်အရသာကို သိရှိခံစားတတ်တဲ့ သမီးလေးတွေကိုကြည့်ရင်း ပီတိတွေဖြစ်နေရှာတာပါ။

Image may contain: 2 people, people smiling, indoor

Image may contain: 2 people, people smiling, people standing and indoor

ခေတ်လေးနဲ့ သစ်လေးတို့က သီချင်းဆိုတဲ့သူတွေ ဆုတောင်းစကားရွတ်ဆိုချိန်မှာလည်း သိရှိနားလည်နေသလိုပါပဲ၊ သူတို့ကပါ လက်ကလေးဆုပ်ပြီး ဆုတောင်းလိုက်သေးတာနော်။

ခရစ်စမတ်သီချင်းနားဆင်နေတဲ့ ခေတ်လေးနဲ့ သစ်လေးရဲ့ ချစ်စဖွယ် ဗီဒီယိုလေးကို ပရိသတ်တွေ ခံစားနိုင်ဖို့ ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Writer – YLLT(Cele Star)

x