လိပ်ပြာစံအိမ်ဇာတ်ကားနဲ့ အကောင်းဆုံးခေါင်းဆောင်မင်းသမီးဆု ရရှိခဲ့တဲ့ ဝတ်မှုန်ရွှေရည်

Last modified date

အာရှတီထွင်ဆန်းသစ်မှုအရှိဆုံးရုပ်ရှင်အကယ်ဒမီဆုပေးပွဲမှာ လိပ်ပြာစံအိမ်ဇာတ်ကားနဲ့ အကောင်းဆုံးခေါင်းဆောင်မင်းသမီးဆု ရရှိခဲ့တဲ့ ဝတ်မှုန်ရွှေရည် Image may contain: one or more people, people standing, shorts and outdoor စင်ကာပူနိုင်ငံကဦးဆောင်ကျင်းပပြီး အာရှနိုင်ငံတစ်လွှားက အကောင်းဆုံးရုပ်ရှင်ကားတွေကို စိစစ်ပြီး ပြန်လည်ရွေးချယ်ဆုပေးတဲ့ အာရှတီထွင်ဆန်းသစ်မှုအရှိဆုံးရုပ်ရှင်အကယ်ဒမီဆုပေးပွဲမှာ သရုပ်ဆောင်ဝတ်မှုန်ရွှေရည်က လိပ်ပြာစံအိမ်( The Only Mom) ဇာတ်ကားနဲ့ အကောင်းဆုံးခေါင်းဆောင်မင်းသမီးဆု ရရှိသွားတယ်လို့ သိရပါတယ်။ Image may contain: one or more people, people standing and outdoor အာရှတီထွင်ဆန်းသစ်မှုအရှိဆုံးရုပ်ရှင်အကယ်ဒမီဆုပေးပွဲ Asian Academy Creative Awards (AAA) ဟာဆိုရင် အာရှနိုင်ငံတွေအားလုံးထဲက လူကြိုက်အများဆုံး၊ တီထွင်ဆန်းသစ်မှု အရှိဆုံး ဇာတ်ကားတွေကို ရွေးချယ်စိစစ်ပြီး အဲဒီထဲကမှ အကောင်းတကာ့အကောင်းဆုံးဆိုတဲ့ ဇာတ်ကားတွေကို စကာတင်ရွေးချယ်ဆုပေးလေ့ရှိတဲ့ ပွဲတစ်ခုပါပဲ။ Image may contain: 5 people, people smiling, people standing, suit and indoor ၂၀၁၈ ခုနှစ်မှာ စတင်ကျင်းပခဲ့တဲ့ ဒီဆုပေးပွဲရဲ့ ၂၀၁၉ ခုနှစ်အတွက် အကောင်းဆုံးဆုစာရင်းမှာတော့ မြန်မာနိုင်ငံက လိပ်ပြာစံအိမ်ဇာတ်ကားက ဆု ၆ ဆုနဲ့ စုစုပေါင်း ဆု ၁၀ ဆု ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ လိပ်ပြာစံအိမ်ဇာတ်ကားဟာဆိုရင် မြန်မာနိုင်ငံအတွင်း လူကြိုက်များ အောင်မြင်မှု ရရှိခဲ့ရုံမျှမက ထိုင်း၊ စင်ကာပူ အစရှိတဲ့ ပြည်ပနိုင်ငံတွေမှာပါ လူကြိုက်များ အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ကားတစ်ကားလည်း ဖြစ်ပါတယ်။ သရုပ်ဆောင် နိုင်းနိုင်း၊ သရုပ်ဆောင် ဒေါင်း၊ သရုပ်ဆောင် ဝတ်မှုန်ရွှေရည်၊ ကလေးသရုပ်ဆောင် ပြည့်ပြည့်တို့ ပါဝင်ထားပြီး ဝိဥာဉ်လောကနဲ့ မိခင်မေတ္တာကို အဓိကဖော်ညွှန်းရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားပါပဲ။ Image may contain: 3 people, people smiling Asian Academy Creative Awards 2019 ရဲ့ ဆုစာရင်းအရဆိုရင် လိပ်ပြာစံအိမ်( The Only Mom) ဇာတ်ကားက အကောင်းဆုံးခေါင်းဆောင်မင်းသမီးဆုကို ဝတ်မှုန်ရွှေရည်၊ အကောင်းဆုံး ဇာတ်ပို့သရုပ်ဆောင်ဆုကို ကလေးသရုပ်ဆောင် ပြည့်ပြည့်၊ ‘Until We Meet Again’ နဲ့ အကောင်းဆုံးရုပ်ရှင် သီချင်းဆု၊ Best Cinematography ဆု၊ Best Direction (Fiction) ဆု၊ Best Feature Film ဆု အစရှိတဲ့ဆု ၆ ဆု ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။Grand Awards ဆုပေးပွဲကိုတော့ လာမယ့် ဒီဇင်ဘာလ ၅ ရက် ကြာသပတေးနေ့မှာ ကျင်းပဖို့စီစဉ်ထားပြီး၊ Gala Final ကိုတော့ ဒီဇင်ဘာလ ၆ ရက်နေ့မှာ ကျင်းပမယ်လို့ သိရပါတယ်။ Image may contain: 1 person, standing Congratulations ပါ ကစ်ကစ်ရေ ၊ နောက်လည်း အခုထက်ပိုမိုအောင်မြင်ပါစေလို့ ဆုတောာင်းပေးလိုက်ပါတယ်နော်။ Writer-YLLT(Cele Star)