ကာမလိမ်လည်မှုနဲ့ တရားစွဲခံလိုက်ရတဲ့ သရုပ်ဆောင်မိုးအောင်ရင်

သရုပ်ဆောင် မိုးအောင်ရင်ဟာ မကြာသေးခင်ကမှ ထောင်ကလွတ်လာသူဖြစ်ပြီး ထောင်ကလွတ်ပြီးမကြာမှီ ရည်းစားဟောင်းဖြစ်သူနဲ့ လမ်းခွဲခဲ့တာဖြစ်ပါတယ်။ အခုသူ့ရဲ့ ရည်းစားဟောင်းဖြစ်သူက မိုးအောင်ရင်အနေနဲ့ သူ့ကို လက်ထပ်မယ်ပြောပြီး လမ်းခွဲလိုက်လို့ကာမလိမ်လည်မှုနဲ့ တရားစွဲလိုက်တာလို့ သတင်းမှာဖော်ပြထားပါတယ်။

Image may contain: 2 people, closeup

Image may contain: 1 person, standing and indoor

Image may contain: 4 people, people smiling, people standing

သရုပ်ဆောင်မိုးအောင်ရင်ကို ရည်းစားဟောင်းဖြစ်သူ မ—- က နိုဝင်ဘာ ၂၂ ရက်တွင် ရန်ကင်းမြို့နယ်တရားရုံးသို့လာရောက်ပြီး သရုပ်ဆောင်မိုးအောင်ရင်က သူမအား လက်ထပ်မည်ဟု ပြောဆိုပြီး ကာမလိမ်လည်ရယူကာ လက်ထပ်ခြင်းမရှိသဖြင့် လာရောက်ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့တာဖြစ်တယ်လို့ ရန်ကင်းမြို့နယ်တရားရုံး သတင်းပြန်ကြားရေးအရာရှိထံမှ သိရပါတယ်။

Image may contain: 3 people, people smiling, people standing, plant, tree and outdoor

Image may contain: 2 people, people sitting, table and indoor

ထိုသို့တရားစွဲဆိုရာ ရန်ကင်းမြို့နယ်တရားရုံးမှ တရားလို မ. . . . အား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၂၀၀ အရ စစ်ဆေးခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ ၄၁၇ ဖြင့် ဆက်လက်ဆောင်ရွက်သွားရန် အမိန့်ချမှတ်ခဲ့ကြောင်း ရန်ကင်းမြို့နယ်တရားရုံးမှ ပြောပါတယ်။ ရုံးချိန်းကို ဒီဇင်ဘာ ၆ ရက်သို့ ပြန်လည်ချိန်းဆိုပေးခဲ့ပြီး သရုပ်ဆောင်မိုးအောင်ရင်အား ရုံးတော်ရှေ့ လာရောက်ရန် ဆင့်ခေါ်စာပေးပို့ထားတယ်လို့ ဆိုပါတယ်။

Image may contain: 1 person, sunglasses and outdoor

“ကောင်မလေးက နိုဝင်ဘာ ၂၂ ရက်နေ့က လာပြီးတော့ သရုပ်ဆောင်မိုးအောင်ရင်က သူ့ကိုလက်ထပ်မယ်လို့ပြောပြီး ကာမရယူခဲ့ပြီး လက်ထပ်ခဲ့ခြင်းမရှိလို့ တရားစွဲဆိုပေးဖို့ ဦးတိုက်လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။ အဲဒါကို ရုံးက အဲဒီနေ့မှာပဲ တရားလိုကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၂၀၀ အရ စစ်ဆေးခဲ့ပြီးတော့ ရာဇသတ်ကြီးပုဒ်မ ၄၁၇ နဲ့ ဆက်လက်ဆောင်ရွက်သွားဖို့အမိန့်ချလိုက်တယ်။ ဒီဇင်ဘာလ ၆ရက်နေ့မှာ စွပ်စွဲခံရသူ မိုးအောင်ရင်ကို ရုံးရှေ့ကို လာရောက်ဖို့ ဆင့်ခေါ်ထားတယ်။ ပုဒ်မ ၄၁၇ ကတော့ အာမခံပေးလို့ရတဲ့ ပုဒ်မဖြစ်တယ်။ လိမ်လည်မှုပုဒ်မ ဖြစ်ပါတယ်” ဟု ရန်ကင်းမြို့နယ်တရားရုံးမှ သတင်းပြန်ကြားရေးအရာရှိ မြို့နယ်တရားသူကြီးက ပြောပါတယ်။

Image may contain: 1 person, closeup

အဆိုပါ အမှုကို ရန်ကင်းမြို့နယ်တရားရုံး တွဲဖက်မြို့နယ်တရားသူကြီး (၁) တရားခွင်တွင် လက်ခံစစ်ဆေးနေခြင်းဖြစ်ပြီး သရုပ်ဆောင်မိုးအောင်ရင်ကို တရားစွဲဆိုထားသည့် ပုဒ်မ ၄၁၇ မှာ လိမ်လည်မှုပုဒ်မဖြစ်ပြီး မည်သူမဆို လိမ်လည်မှုကိုကျူးလွန်လျှင် ထိုသူကို သုံးနှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ရာဇသတ်ကြီးဥပဒေမှာ ပြဋ္ဌာန်းထားကြောင်း သိရပါတယ်။

Image may contain: 1 person, sky and outdoor

Image may contain: 1 person, smiling, standing

သရုပ်ဆောင်မိုးအောင်ရင်အနေဖြင့် ၄င်း၏ ချစ်သူဖြင့် လမ်းခွဲလိုက်ပြီဖြစ်ကြောင်း အွန်လိုင်းမီဒီယာတစ်ခုတွင် အင်တာဗျူးဖြေကြားခဲ့ပြီးနောက်ပိုင်း တရားစွဲဆိုခြင်းခံလိုက်ရတာပဲ ဖြစ်ပါတယ်။

Credit – Eleven

x