စာပေဘာသာစုံထူးချွန်ဆုရရှိခဲ့တဲ့ မီးမီးခဲရဲ့ သမီးလေး ဘားဘီ

Last modified date

အဆိုတော်မီးမီးခဲရဲ့ သမီးကြီး ဘားဘီဟာဆိုရင် ၁၀ နှစ်ဆိုတဲ့ အသက်နဲ့မလိုက်အောင် လူကောင်ထွားသူလေးဖြစ်သလို စာပေအရာမှာလည်း လွန်စွာထူးချွန်သူတစ်ဦးဖြစ်ပါတယ်။ Image may contain: 1 person, smiling, standing Image may contain: 1 person, smiling, selfie and closeup အခုလည်း သူမက သူမတက်ရောက်နေတဲ့ Grade 3 အခန်း A မှာ အားလုံးကိုဖြတ်ကျော်ပြီး စာပေဘာသာစုံထူးချွန်ဆု ဆွတ်ခူးသွားပြန်ပါပြီ။ မေမေမီးမီးခဲကတော့ စာတော်ပြီး အသက်နဲ့မလိုက်အောင် လူကြီးလေးဖြစ်နေတဲ့ သမီးလေး ဘားဘီအတွက် ဂုဏ်ယူမဆုံးဖြစ်နေတာ တွေ့ရပါတယ်။ Image may contain: 3 people, people smiling, people standing Image may contain: 4 people, people smiling, people standing Image may contain: 4 people, people smiling, people standing and outdoor ဘားဘီလေးဟာ အခုမှ အသက် ၁၀ နှစ် ၃တန်းပဲ ရှိသေးတာဖြစ်ပေမယ့် လူကောင်ကတော့ အမေထက်တောင် အရပ်ရှည်နေပြီး အတန်းထဲကရွယ်တူတွေထက် ခေါင်း ၂ လုံးစာလောက်ကို မြင့်နေတာ ဖြစ်ပါတယ်။ Image may contain: 2 people, people smiling, people standing and outdoor အဆိုတော်မီးမီးခဲဟာ သြစတြေးလျနိုင်ငံမှာ အခြေချနေထိုင်နေတာဖြစ်ပြီး မြန်မာနိုင်ငံကို အလည်ပြန်ရောက်နေချိန်မှာ သမီးကြီးဖြစ်သူ ဘားဘီကို အချိန်ပေးနေတာဖြစ်ပါတယ်။ မီးမီးခဲရဲ့ သမီးကြီးဟာ အရင်အိမ်ထောင်ဟောင်းဖြစ်တဲ့ အဆိုတော်ထူးအယ်လင်းနဲ့ ရရှိခဲ့တာဖြစ်ပြီး နောက်အိမ်ထောင်နဲ့တော့ သမီးလေးတစ်ယောက် သားလေးတစ်ယောက် ထပ်မံရရှိထားတာပါ။ Image may contain: 3 people, people smiling, tree, baby, child and outdoor Image may contain: 4 people, people smiling, people sitting Image may contain: 2 people, people smiling, people standing Image may contain: 2 people, people smiling, closeup မီးမီးခဲဟာ မကြာသေးမှီရက်ပိုင်းအတွင်းက ကင်ဆာရောဂါကို အလူးအလဲခံစားခဲ့ရသူတစ်ဦးဖြစ်ပြီး လက်ရှိအချိန်မှာတော့ အဆိုပါရောဂါ ပျောက်ကင်းသလောက်နီးပါး ရှိနေပြီလို့ သိရပါတယ်။ ထွားကျိုင်းလှတဲ့ မီးမီးခဲရဲ့ သမီးလေး ဘားဘီဟာ စာတော်ရုံတင်မကပဲ အဆိုပညာမှာလည်း အမေနီးပါး အသံကောင်းသူလေးတစ်ဦးပဲ ဖြစ်ပါတယ်။ ဘားဘီလေးဆုယူနေတဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ရပါတယ်။ Writer – YLLT(Cele Star)

x