ပရိသတ်တွေခန့်မှန်းမှုနဲ့ တစ်ထပ်တည်းကျခဲ့တဲ့ ဇီးကွက်လေး ဟန်သီ

Last modified date

The Mask Singer Myanmar မှာ ဇီးကွက်လေးအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ဟန်သီလေးကတော့ ပရိသတ်ကြီးခန့်မှန်းမှုတွေနဲ့ တထပ်တည်းကျပြီး ပြိုင်ပွဲကနေ ဒုတိယမြောက်ထွက်ခဲ့ရသူတစ်ဦး ဖြစ်ခဲ့ပြန်ပါပြီ။ Image may contain: text Image may contain: 1 person, smiling, standing ဟန်သီလေးက Group B ရဲ့ ဇီးကွက်လေးနေရာကနေ ပါဝင်ခဲ့ရတာဖြစ်ပြီး သူမကို ခန့်မှန်းခဲ့ကြတဲ့ ဆယ်လီစုံထောက်တွေထဲမှာ ရတနာမိုင်လေးက မှန်ကန်အောင် ခန့်မှန်းနိုင်ခဲ့တာကို တွေ့ရပါတယ်။ Image may contain: 1 person Image may contain: 6 people, people smiling, people standing and text Image may contain: 2 people Group B က ဇီးကွက်လေးကို ပရိသတ်တွေက အစတည်းက ဟန်သီမှန်းသိရှိ ခန့်မှန်းနိုင်ခဲ့ကြတာဖြစ်ပြီး သူမနဲ့အတူပါဝင်တဲ့ သီးမွှေးနဲ့ ဇော်ဂျီတို့ကတော့ နောက်တဆင့်ကို တက်လှမ်းသွားခဲ့ကြတာပါ။ ပရိသတ်တွေ ခန့်မှန်းမှုအရကတော့ သီးမွှေးကို ပိုပိုဟေသာလို့ ဆိုကြပြီး ဇော်ဂျီကတော့ ဝေကြီးဒါမှမဟုတ် ဟန်ထူးဈာန်ပါတဲ့။ Image may contain: 1 person, smiling, text The Mask Singer Myanmar အစီအစဉ်ရဲ့ ထုံးစံအရ တစ်ပတ်ကို တစ်ယောက်ထွက်ရတာဖြစ်ပြီး အရင်အပတ်က Group A မှာ ကျားကြီးအဖြစ်ပါဝင်ယှဉ်ပြိုင်တဲ့ ပိုင်တံခွန်တစ်ယောက် ပထမဆုံးထွက်ခဲ့ရတာပါ။ နောက်တစ်ပတ်မှာတော့ Group C ရဲ့ သုံးယောက်ထဲက တစ်ယောက်ကတော့ ထပ်ပြီးထွက်ခွာရဦးမှာပဲ ဖြစ်ပါတယ်။ Image may contain: 1 person, smiling, text Image may contain: text Image may contain: 1 person No photo description available. အစီအစဉ်မှာ အုပ်စု ၃စုခွဲထားပြီး အုပ်စုတစ်စုမှာ မျက်နှာဖုံးရှင် ၃ဦးပါဝင်တာဖြစ်ပါတယ်။ ဒီမျက်နှာဖုံးရှင်တွေထဲက တစ်ပတ်ကိုတစ်ယောက်စီ ပရိသတ်နဲ့ ဆယ်လီစုံထောက်တွေရဲ့ မဲအရေအတွက်နဲ့ မဲအများဆုံးရသူက မျက်နှာဖုံးချွတ်ပြကြရတာဖြစ်ပြီး ကျန်တဲ့သူတွေကတော့ နောက်တဆင့်မှာ တစ်ခြားသူတွေနဲ့ ထပ်ပြိုင်ကြရတာပဲ ဖြစ်ပါတယ်။ ကဲ နောက်အပတ်မှာရော Group C ထဲက ယက္ခ၊ နာနတ်သီး နဲ့ ဖိုးဝတို့ထဲက ဘယ်သူတွေများ မျက်နှာဖုံးချွတ်ပြရဦးမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ Group C ထဲက ယက္ခကိုလည်း ပရိသတ်တွေက သိကြပြီဖြစ်ပါတယ်တဲ့နော်။ သူကတော့ ဦးကျော်ထူးလို့ ပရိသတ်က ခန့်မှန်းထားကြတာပါ။ ကဲ ဒါဆိုရင် ဒီအဖြေတွေမှန်မမှန်ဆိုတာရယ်နောက်အပတ်မှာ ဘယ်မျက်နှာဖုံးရှင်ကို သိရမလဲဆိုတာရယ် စောင့်ကြည့်လိုက်ကြရအောင်ပါနော်။ Writer – YLLT(Cele Star)

x