မြန်မာအိုင်ဒေါလ်လက်မှတ်ပါပေမယ့် ကွင်းထဲဝင်ဖို့ တားမြစ်ခံရလို့ live လွှင့်ပေါက်ကွဲနေတဲ့ ဖြိုးမြတ်အောင်

Last modified date

မြန်မာအိုင်ဒေါလ် Season 3 ရဲ့ Winner တစ်ဦးဖြစ်သူ ဖြိုးမြတ်အောင်ကတော့ မနေ့ညက မြန်မာအိုင်ဒေါလ် Season 4 ကို ကွင်းထဲမှာ လူကိုယ်တိုင်သွားရောက်အားပေးဖို့ လက်မှတ်တွေဘာတွေ ရှိထားပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် ကွင်းထိပ်အရောက်မှာ လက်မှတ်ပြပေမယ့် သူ့ကို လုံခြုံရေးတွေက အဝင်မခံတာကြောင့် မနေ့ညက ပွဲကို သူ့အနေနဲ့ လူကိုယ်တိုင်ဝင်ရောက်အားပေးခွင့် မရရှိခဲ့တာ ဖြစ်ပါတယ်။ Image may contain: 2 people, people smiling Image may contain: 1 person, smiling, standing Image may contain: 1 person, smiling, sitting No photo description available. ဖြိုးမြတ်အောင်ရဲ့ ဖြစ်စဉ်ကို  နေခန့်မင်းသစ်ရဲ့ အကောင့်ကနေ ” Shwe Htut Tin ရောက်ပြီး လက်မှတ်လည်း ပါရဲ့သားနဲ့ အဝက security က မင်းကို ပေးမဝင်ဘူးဆိုတော့ တော်သေးတယ် အစက အတူတူသွားမယ်ချိန်းပြီး မသွားဖြစ်လိုက်လို့  ငါသာပါလို့ကတော့ ဒီတိုင်းတော့ ပြန်လာမယ့်ကောင်မဟုတ်ဘူး ငါပြောသားပဲ မင်းက S4 ပြိုင်ပွဲဝင်တွေဆီက လက်မှတ်မှ မတောင်းတာ” လို့ ပြောထားတာ တွေ့ရပါတယ်။ No photo description available. Image may contain: text Image may contain: 3 people, people sitting, people eating, table, food and indoor ဖြိုးမြတ်အောင်ရဲ့ ပရိသတ်တွေကတော့ အခုကိစ္စအတွက် တော်တော်လေး မခံမရပ်နိုင်ဖြစ်နေကြပြီ တချို့ကလည်း ဖြိုးမြတ်အောင် ကွင်းထဲဝင်အားပေးရင် ပရိသတ်က ဖြိုးမြတ်အောင်ဆီအာရုံရောက်ပြီး သူတို့လက်ရှိပြိုင်ပွဲဝင်တွေကို အာရုံမရှိတော့မှာစိုးလို့ ပေးမဝင်တာလို့လည်း ခန့်မှန်းဝေဖန်နေကြပါတယ်။ Image may contain: 3 people Image may contain: 1 person, smiling, standing, shoes and outdoor Image may contain: 1 person ဖြိုးမြတ်အောင်က အဆိုပါကိစ္စဖြစ်အပြီး ညနက်ပိုင်းမှာ Live လွှင့်ပြီး  အဆိုပါ ကိစ္စကို သီချင်းလုပ်ဆို ပေါက်ကွဲခဲ့တာကိုလည်း တွေ့ရပါတယ်။ ဖြိုးမြတ်အောင်တစ်ယောက် ဘယ်လိုတွေ ပေါက်ကွဲသွားလဲဆိုတာကို သူ့ရဲ့ Live video လေးကနေတဆင့် ပရိသတ်တွေ ကြည့်ရှုနိုင်ဖို့ ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။ Writer – YLLT(Cele Star)  

x