မင်္ဂလာနှစ်ပတ်လည်နေ့လေးမှာ ချောင်းသာကမ်းခြေက ဈေးသည်လေးတွေကို အလှူပြုလုပ်ခဲ့တဲ့ နန်းမြတ်ဖြိုးသင်း

Last modified date

သရုပ်ဆောင်နန်းမြတ်ဖြိုးသင်းက ခင်ပွန်းဖြစ်သူ ကိုတာတာမျိုးနဲ့ မင်္ဂလာသက်တမ်း ၂ နှစ်ပြည့်မြောက်ခဲ့ပြီပဲ ဖြစ်ပါတယ်။ မင်္ဂလာသက်တမ်း ၂ နှစ်ပြည့်တဲ့အထိမ်းအမှတ်အလှူလေးကိုတော့ သူတို့ဇနီးမောင်နှံလတ်တလော ရောက်ရှိနေတဲ့ ချောင်းသာကမ်းခြေက ဈေးသည်လေးတွေကို ထမင်း၊ ဟင်း၊ အချိုပွဲအစုံအလင်နဲ့ အလှူပြုလုပ်ပေးခဲ့တာပါ။ Image may contain: 1 person, selfie and closeup Image may contain: 2 people, people smiling, people standing and indoor သူမရဲ့ ပျော်ရွှင်ဖွယ်အလှူပွဲလေးမှာ လူကြီး၊ ကလေးမကျန် အလုအယက် လာရောက်တန်းစီ ရယူခဲ့ကြတာကို တွေ့မြင်ရပြီး နန်းမြတ်ဖြိုးသင်းတစ်ယောက် သူမရဲ့အလှူလေးအတွက် ကြည်နူးမဆုံးဖြစ်နေတာကိုလည်း တွေ့ရပါတယ်။ Image may contain: 2 people, people smiling, people standing Image may contain: 3 people, people smiling, people sitting, people standing and indoor သူမလှူနေတဲ့အချိန်အတွင်း ဈေးသည်လေးတွေက ဂုံးအတင်းလာရောင်းနေလို့ နန်းမြတ်ဖြိုးသင်းတစ်ယောက် သဘောကျမဆုံးဖြစ်နေခဲ့သေးတာပါ။ သူမက ဂုံးတွေကိုလည်း ဝယ်ယူလွှတ်ပေးခဲ့ပြီး မင်္ဂလာအလှူပြုလုပ်ခဲ့ပါတယ်။ Image may contain: 1 person, standing Image may contain: 2 people, people smiling, people sitting and indoor နန်းမြတ်ဖြိုးသင်းတို့ ဇနီးမောင်နှံဟာ သားလေး ဂျက်ဂျက်နဲ့အတူ ချောင်းသာကမ်းခြေကို မင်္ဂလာနှစ်ပတ်လည် အထိမ်းအမှတ်အနေနဲ့ အလည်အပတ်ရောက်ရှိနေတာဖြစ်ပြီး သားသားလေးက သူမကို “မေ” လို့ စခေါ်တတ်သွားလို့ အမှတ်တရအတိုင်းမသိ ဝမ်းသာနေတာဖြစ်ပါတယ်။ Image may contain: 2 people, people standing, sunglasses, ocean and outdoor Image may contain: 2 people, people standing, closeup and outdoor နန်းမြတ်တို့ မင်္ဂလာနှစ်ပတ်လည် ၂နှစ်ပြည့်လေးမှသည် နောင်နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။ Image may contain: 2 people, people smiling Writer-YLLT(Cele Star)

x