တေးရေးဆရာနောက်တစ်ဦးကို ထပ်မံတောင်းပန်လိုက်ရပြန်တဲ့ တန်ခွန်ကျော်

Last modified date

မြန်မာအိုင်ဒေါလ်ပြိုင်ပွဲဝင်တစ်ဦးဖြစ်ခဲ့ပြီး လက်ရှိအချိန်မှာ အိမ်ပြန်ခဲ့ရပြီဖြစ်တဲ့ တန်ခွန်ကျော်ဟာဆိုရင် ပြီးခဲ့တဲ့ အပတ်ထွက်ခဲ့ရတဲ့ ပြိုင်ပွဲအတွင်း သို့သက်ငယ်မုဒိန်းကောင်များ ဆိုတဲ့ သီချင်းကို သူကိုယ်တိုင်ရေးခဲ့တယ်လို့ ပြောမိလို့ မူရင်းတေးရေးဖြစ်သူ ချမ်းဗိုလ် နဲ့ မူရင်းသီဆိုသူ စောလားထော်ဝါးတို့ကို တောင်းပန်ခဲ့ရသေးတာပါ။ အခုလည်း တေးသီချင်းတစ်ပုဒ်ကို သူ့အဖိုးရေးထားတယ်လို့ မှားပြောမိပြန်တာကြောင့် မူရင်းတေးရေးဆရာဖြစ်သူ သောမတ်စ်ကို ထပ်ပြီးတောင်းပန်လိုက်ရပြန်ပါတယ်။ Image may contain: 1 person, standing Image may contain: 1 person, closeup Image may contain: 1 person, standing, text and indoor တန်ခွန်ကျော်က သူ့ရဲ့ ဖေ့ဘုတ်မှာ ” အမျိုးတွေအားလုံးပဲ မင်္ဂလာပါဗျ “သို့…. သက်ငယ်မုဒိန်းကောင်များ ”သီချင်းနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့အပတ်က ကျွန်တော်ရှင်းလင်းထားတဲ့ စာမူထဲမှာ ပါလာတဲ့ ”နောင်တမျက်ရည်” သီချင်းသည် #တေးရေးသောမတ်စ် က 1979 ခုနှစ်မှာ ရေးသားခဲ့တာပဲဖြစ်ပါတယ်ဗျ။ ကျွန်တော့အဖိုး #ဂင်ထွမ် ရေးထားတဲ့ သီချင်းမဟုတ်ပါဘူးဗျ။ ဦးဂင်ထွမ် ဟာ 1980 ဝန်းကျင်က ဓမ္မတေးရေးဆရာတစ်ယောက် ဖြစ်ပါတယ် သူရေးတဲ့ သီချင်းမှန်သမျှ သမီးဖြစ်သူကို သင်ပေးပြီး church မှာ အမြဲဆိုစေခဲ့ပါတယ် အခြားသော ယုံကြည်သူတွေ သီချင်းလာအပ်ရင်မေတ္တာ ဖြင့်ရေးပေးလေ့ရှိပါတယ်။ “နောင်တမျက်ရည်” သီချင်းကို ဦးဂင်ထွမ်က သမီးဖြစ်သူမေရီအား 1984Dec 31 ည မှာ သီဆိုစေခဲ့တာဖြစ်ပြီး အဲဒီအချိန်မှာ သမီးဖြစ်သူ ကျွန်တော့အဒေါ်က အသက် ၁၃နှစ်သာ ရှိပါသေးတယ် အဖေဖြစ်သူရဲ့ သီချင်းတွေ အမြဲဆိုနေရတဲ့ သမီးတစ်ယောက်အတွက် အဲ့ဒီအချိန်မှာ တေးရေးဂင်ထွမ်ဆိုတဲ့အသိက စတင်ဖြစ်ပေါ်လာစေ ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ ဦးဂင်ထွမ်ဆုံးပါးသွားခဲ့တော့ အခု အဒေါ် အသက် ၄၉နှစ်တိုင်အောင် ရောက်တဲ့အချိန်ထိ တေးရေးအစစ်အမှန်ကို သိခွင့်မရခဲ့တာပဲဖြစ်ပါတယ်” လို့ ဆိုထားပါတယ်။ Image may contain: 1 person, closeup Image may contain: 1 person, text Image may contain: 11 people, people smiling, people sitting ဆက်လက်ပြီး တန်ခွန်ကျော်က “ကျွန်တော့ အနေနဲ့လဲထပ်ပြီးတောင်းပန်ပါတယ် တေးရေးတစ်ယောက်ရဲ့ ခံစားချက်ကို ထင်ဟပ်လာအောင် ပြောပြချင်လို့ ထည့်ပြောခဲ့မိတာပါ ကျွန်တော်မှားယွင်းရေးသားခဲ့မိတဲ့အတွက် ဆရာ့အားအနူးအညွတ်တောင်းပန်ပါတယ်ခင်ဗျ #ဆရာသောမတ်စ် ကိုစော်ကားလိုတဲ့ စိတ်နဲ့ ရေးသားခဲ့ခြင်းမျိုး မဟုတ်ပါဘူးခင်ဗျ ကျွန်တော် လဲ ငယ်ငယ်ကတည်းက ဒီသီချင်း ကို ကျွန်တော့်အဖိုး ရေးထားတယ်လို့ပဲ သိခဲ့ရလို့ပါ #ဆရာသောမတ်စ် အနေနဲ့လဲ ခရစ်တော်နာမ၌နားလည်ခွင့်လွတ်ပေးခဲ့တဲ့ အတွက်ကြောင့် အရမ်းပဲကျေးဇူးတင်ပါတယ်ဗျ ဘုရားရှင်ဆရာ့အပေါ်ကောင်းကြီးပေးပါစေဗျ” ဆိုပြီး တောင်းပန်ထားတာဖြစ်ပါတယ်။ Image may contain: 1 person Image may contain: 1 person, standing, tree, outdoor and nature ဒါ့အပြင် တန်ခွန်ကျော်က လက်ရှိမှာ ဆရာသောမတ်စ်က ကျန်းမာရေးမကောင်းဖြစ်နေတာမို့ ဝိုင်းဝန်းဆုတောင်းပေးကြပါဦးလို့လည်း ဆိုထားပါသေးတယ်။ တန်ခွန်ကျော်ဟာ လတ်တလောမှာ မွေးရပ်မြေထံ ပြန်နေတာဖြစ်ပြီး သူ့မွေးရပ်မြေက ပရိသတ်တွေနဲ့ မိခင်တို့ဆီမှာ ပျော်ရွှင်နေတာကိုလည်း တွေ့ရပါတယ်။ သူ့ပရိသတ်တွေကလည်း သူ့ကို သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပြီး တန်ခွန်ကျော်တစ်ယောက် မြန်မာအိုင်ဒေါလ်ပြိုင်ပွဲဆီကို Wild Card နဲ့ ပြန်သွားခွင့်ရနိုင်ဖို့ မျှော်လင့်နေကြတယ်လို့ သိရပါတယ်။ Image may contain: 1 person, standing and on stage Image may contain: 1 person, standing Writer-YLLT(Cele Star)

x